Healthy Life Ad
Life Style

ပြစ်မျိုးမှဲ့မထင် ဆယ်ကျော်သက်အရွယ်တွင် မိတ်ကပ်ထူထူမလိမ်းဘဲ လန်းဆန်းပေါ်လွင်စေမည့် နည်းလမ်းကောင်း ၁၀

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

အလှအပဆိုတာ မသိသေးတဲ့ ကလေးဘဝကနေ ကူးပြောင်းစအရွယ်ဖြစ်တဲ့ ဖူးငုံသစ်စ ဆယ်ကျော်သက်ကာလမှာ မိန်းကလေးအများစုဟာ အလှမက်လာကြပါတယ်။ အဲဒီအခါ မိခင်၊ အဒေါ်၊ အစ်မတွေလိမ်းတဲ့ မိတ်ကပ်အလှကုန်တွေကို ယူလိမ်းကြည့်တတ်ပါတယ်။ တကယ်တော့ ဒီအရွယ်ဟာ နုပျိုကြည့်ကောင်းဆဲ အရွယ်၊ ပျိုမြစ်နုနယ်မှုတို့ ဝန်းရံနေတဲ့ အရွယ်ဖြစ်လို့ ဓာတုပစ္စည်းပါတဲ့ မိတ်ကပ်အလှကုန်တွေ လိမ်းစရာ မလိုသေးပါဘူး။ အသားအရေနုနုလေးနဲ့ မလိုက်ဖက်တဲ့ ကြမ်းတမ်းတဲ့ ဓာတုပစ္စည်းပါ အလှကုန်တွေ အရွေးမှား၊ အလိမ်းမှားလိုက်ရင် ပြစ်မျိုးမှဲ့မထင် အသားအရေက သိသိသာသာ ထိခိုက်သွားတတ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ နုနယ်တဲ့အလှတရား ပိုကြည့်ကောင်းပေါ်လွင်စေမယ့် အကြံကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) ဖောင်ဒေးရှင်းမိတ်ကပ် မလို

ဖောင်ဒေးရှင်းမိတ်ကပ်ကို အရွယ်ရောက်တဲ့ မိန်းကလေးတိုင်း လိမ်းလေ့ရှိတဲ့အတွက် ဆယ်ကျော်သက် မိန်းကလေးတွေ လိုက်သုံးလိုကြပါတယ်။ တကယ်တော့ ဖောင်ဒေးရှင်းမိတ်ကပ် လိမ်းစရာမလိုဘဲ သဘာဝအတိုင်း အသားအရေ အပြစ်အနာအဆာ ကင်းနေပြီးသားပါ။ အဓိက လိမ်းသင့်တာက နေကာခရင်မ်ပဲဖြစ်ပါတယ်။

alignnone size-medium wp-image-58006
(၂) နှုတ်ခမ်းဆိုးဆေးအဆီ

ဆယ်ကျော်သက်အရွယ်မှာ နှုတ်ခမ်းနီဆိုးမယ့်အစား ပန်းရောင်နှုတ်ခမ်းဆိုးဆေးအဆီ (Lip Gloss)ကိုပဲ ရွေးချယ်သင့်ပါတယ်။ နှုတ်ခမ်းသားကွဲတာကို သက်သာစေပြီး နှုတ်ခမ်းသား နူးညံ့စိုပြည်စေပါတယ်။

alignnone size-medium wp-image-58007
(၃) ပါးပြင်ကို လက်မ၊ လက်ညှိုးနှင့် ဖျစ်ညှစ်ခြင်း

ပါးပြင်ကို နီမြန်းချင်ရင် ပါးနီလိမ်းမယ့်အစား ပါးပြင်ကို လက်မ၊ လက်ညှိုးတွေနဲ့ ဖျစ်ညှစ်လိုက်ပါ။ အချိန်အနည်းငယ်ခန့် ပါးပြင် နီမြန်းနေပါလိမ့်မယ်။ အမြဲနီမြန်းနေချင်ရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သစ်သီးဝလံတွေကို များများစားပေးပါ။

alignnone size-medium wp-image-58008
(၄) မျက်ခုံးပြုပြင်ခြင်း

ဆယ်ကျော်သက်အရွယ်မှာ မိတ်ကပ်လိမ်းစရာမလိုပေမယ့် မျက်ခုံးကိုတော့ လှပအောင် ပုံသွင်း ပြုပြင်နိုင်ပါတယ်။ မျက်ခုံးကို ပုံသွင်းပြုပြင်လိုက်တာကြောင့် သဘာဝအတိုင်း ကြည့်ကောင်းနေစေပါတယ်။

(၅) အသားအရေ ထိန်းသိမ်းမှု

ဆယ်ကျော်သက်အရွယ်မှာ အသားအရေ ထိန်းသိမ်းမှုကိုတော့ စတင်လုပ်ဆောင်သင့်နေပါပြီ။ မျက်နှာသန့်စင်ဆေး ကောင်းကောင်းသုံးတာ၊ အစိုဓာတ်ထိန်းခရင်မ်လိမ်းတာ၊ တိုနာ (Toner) လိမ်းတာတို့ကြောင့် အသားအရေမှာ ဝက်ခြံအဖုအပိမ့်တွေ ကင်းစင်လှပပြီး အသားအရေ ကြည်လင်စေပါတယ်။

alignnone size-medium wp-image-58009
(၆) အရောင်ဖျော့သော နှုတ်ခမ်းဆိုးဆေးအဆီ (Lip Gloss) ဆိုးခြင်း

ပွဲလမ်းသဘင်တွေ ရှိတဲ့အခါ ပန်းရောင်၊ အသားရောင် စတဲ့ နှုတ်ခမ်းဆိုးဆေးအဆီကို ဆိုးတာကြောင့် နှုတ်ခမ်းသား စိုပြည်နူးညံ့စေပါတယ်။

alignnone size-medium wp-image-58010
(၇) အစိုဓာတ်ထိန်းခရင်မ် လိမ်းခြင်း

အသားအရေ သန့်စင်ပြီးတဲ့နောက် သင့်အသားအရေ အမျိုးအစားအလိုက် သင့်တော်တဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းသင့်ပါတယ်။ အသားအရေက ခြောက်သွေ့တဲ့ အသားအရေ၊ ထိခိုက်လွယ်တဲ့ အသားအရေ၊ ပေါင်းစပ်အသားအရေ၊ အဆီပြန်တဲ့ အသားအရေ စသဖြင့် အမျိုးမျိုးရှိတဲ့အတွက် ကိုယ့်အသားအရေအလိုက် သင့်တော်တဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းသင့်ပါတယ်။

alignnone size-medium wp-image-58011
(၈) အသားအရေကို ကြေးချွတ်သန့်စင်ခြင်း

အသားအရေကို သကြားပါတဲ့ ကြေးချွတ်ဆေးနဲ့ တစ်ပတ်တစ်ကြိမ် ပွတ်တိုက်ဆေးကြောပေးတာကြောင့် အသားအရေကို ပိုနူးညံ့လာစေပါတယ်။ နူးညံ့တဲ့ သဘာဝကြေးချွတ်ဆေးနဲ့ အသားအရေကို ကြေးချွတ်သန့်စင်ပေးတာကြောင့် အညစ်အကြေးတွေကို ကင်းစင်စေပြီး အသားအရေကို သန့်စင်စေပါတယ်။

(၉) မျက်တောင်ကော့ခြင်း

မျက်တောင်ကော့တံသုံးပြီး မျက်တောင်တွေကို ကော့ညွတ်ပေးပါ။ ပွဲလမ်းသဘင် အခမ်းအနားတွေရှိမှသာ မျက်တောင်တွေကို မက်စ်ကာရာဆိုးပေးသင့်တာ ဖြစ်ပါတယ်။

alignnone size-medium wp-image-58012
(၁၀) ချွေးပေါက်ကျဉ်းဆေးရည်(Toner)လိမ်းခြင်း

ဆယ်ကျော်သက်အရွယ်ကတည်းက အယ်လ်ကိုဟောမပါတဲ့ ချွေးပေါက်ကျဉ်းဆေးရည် (Toner) ကို စတင်လိမ်းသင့်နေပါပြီ။ ဂွမ်းစနဲ့ တိုနာကိုယူပြီး လိမ်းတာကြောင့် မျက်နှာကို သန့်စင်ကြည်လင်စေပါတယ်။

Most Popular

Healthy Life Ad
To Top