Healthy Life Ad
International

၁၂ လက်မအထိ ကြီးထွားလာသော လက်များကြောင့် တစ္ဆေသရဲဟုအခေါ်ခံရ

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှ အသက် ၁၂နှစ်အရွယ် တာရစ်ဟာ ကြီးမားတဲ့လက်တွေနဲ့ မွေးဖွားလာခဲ့ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ လက်တွေရဲ့ အရွယ်အစားဟာ ၁၂ လက်မအထိ ရှိလာခဲ့ပါတယ်။

ဖခင်ကွယ်လွန်သွားပြီး မိသားစုချို့တဲ့တာကြောင့် ဆေးကုသမှုကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး။ တချို့ရွာသားတွေက ဝဋ်နာကံနာလို့ယူဆပြီး သူ့ကိုရှောင်ကြဉ်ကြပါတယ်။ တခြားကလေးတွေ ကြောက်မှာစိုးရိမ်တာကြောင့် ဘယ်ကျောင်းကမှ သူ့ကိုလက်မခံခဲ့ပါဘူး။ တစ်ဦးတည်း ဘာမှမလုပ်နိုင်တာကြောင့် ရေချိုး၊ အဝတ်လဲ၊ ထမင်းစားတာတွေကို အစ်ကိုဖြစ်သူက အမြဲပြုလုပ်ပေးနေရပါတယ်။ ဖခင်ရှိစဉ်က ကျေးရွာဆရာဝန်တွေနဲ့ ပြသဖူးပေမယ့် ပစ္စည်းကိရိယာမပြည့်စုံတာကြောင့် ဘာရောဂါဆိုတာ တိတိကျကျမသိရှိခဲ့ပါဘူး။

တာရစ်ကိုစစ်ဆေးဖူးတဲ့ ဆရာဝန်တစ်ယောက်က သူ့ရဲ့ရောဂါမျိုးကို ယခင်တစ်ခါမှ မတွေ့ဖူးကြောင်းနဲ့ ဆင်ခြေထောက်ရောဂါနဲ့ဆင်တူကြောင်း ပြောကြားခဲ့ပါတယ်။ တာရစ်ကတော့ ပုံမှန်ကလေးတစ်ယောက်လို ကျောင်းတက်ကာ ကစားလိုကြောင်းနဲ့ ရောဂါကုသပျောက်ကင်းပြီး ပုံမှန်လက်တွေရလာမယ်လို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top