Healthy Life Ad
Humour

ဒါလည်း အသီးပဲ . . .

“ဆရာညွှန်ကြားတဲ့အတိုင်း ဆေးတွေသောက်နေပေမယ့် သွေးတွင်းသကြားဓာတ်တွေက များနေတုန်းပဲ ဆရာ…”

“ဆေးသောက်နေရုံနဲ့မရသေးဘူးဗျ.. ချိုတဲ့အရာတွေလျှော့စား… အသီးအနှံတွေများများစားပေး”

“ဟုတ်ကဲ့.. အသီးအနှံတွေပဲ စားတာပါပဲ ဆရာရယ်..”

“ဘာတွေစားလဲပြောပြပါဦး…”

“မနက်စောစောဆို သင်္ဘောသီးစားတယ်၊ ချောကလက်စားတယ်… နေ့လည် ပန်းသီးစားတယ်၊ ချောကလည် နည်းနည်းစားတယ်.. ညနေငှက်ပျောသီးစားတယ်၊ ချောကလက်စားသေးတယ်…”

“အဲ့ဒီချောကလက်တွေ တစ်နေကုန်စားနေမှတော့ သွေးချိုတွေက တက်နေမှာပေါ့ဗျ”

“ဒါတော့ မသိဘူးဆရာ… ချောကလက်ထုတ်တဲ့ ကိုကိုးစေ့က အပင်ကထွက်တာဖြစ်တဲ့အတွက် ချောကလက်ဆိုတာ ကျွန်မအတွက် အသီးအနှံပဲ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top