Healthy Life journal ဆေးရုံမှာ ခေါင်းကွဲလို့ ချုပ်ထားရတဲ့ သူငယ်ချင်းတစ်ဦးထံ လူနာသွားမေးရာ လူနာက ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။ “ငါစိတ်ထင်ရင် အမှန်ဖြစ်တယ်ကွာ . . ညတုန်းက စက်ဘီးနဲ့ အရက်တစ်ပုလင်း သွားဝယ်တယ်။ အရက်ပုလင်းကို စက်ဘီးရှေ့ခြင်းထဲထည့်ရင် ငါစဉ်းစားမိတယ်။...
မိန်းမနဲ့ လမ်းခွဲဖို့ စီစဉ်နေသူကို သူငယ်ချင်းဖြစ်သူက ဖျောင်းဖျပေးနေလေသည်။ “မင်းပြောတော့ သူနဲ့သာဆို ဘယ်လောက်အခက်အခဲတွေဖြစ်ဖြစ် ရင်ဆိုင်မှာပဲဆို” “စိတ်ညစ်ရလွန်းလို့ပါကွာ” “သူနဲ့မယူခင်က သေချာစဉ်းစားပါဆိုတုန်းက မင်းပဲ အချစ်မှာ မျက်စိမပါဘူးဆို” “အချစ်မှာမျက်စိမပါဘူးဆိုပေမယ့် မင်္ဂလာဆောင်ပြီးတာနဲ့ အမြင်တွေပွင့်သွားလို့ပေါ့ကွာ” (Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့်...
ယောကျာ်းဖြစ်သူ ခရီးသွားရာမှ တစ်ရက်စောပြီး ညဖက်ကြီး အိမ်ပြန်လာလေသည်။ အိမ်ရောက်သော မိန်းမ မနိုးအောင်ဖြည်းဖြည်းသာသာ အိမ်ထဲဝင်လာသည်။ အိမ်ခန်းထဲရောက်သောအခါ စောင်အောက်တွင် လူနှစ်ယောက်အိပ်နေသည်ကိုတွေ့သဖြင့် ဒေါသအရမ်းထွက်သွားပြီး အနားရှိကပ်ကြေးယူကာ နှစ်ယောက်စလုံးကို ထိုးသတ်လိုက်လေသည်။ ထို့နောက် စိတ်ညစ်လွန်းသဖြင့် အရက်တစ်ခွက်လောက် သောက်ရန် မီးဖိုချောင်ထဲသွားတဲ့အခါ မိန်းမဖြစ်သူက...
“ကိုကို . . ချစ်မှာလိုက်တဲ့ ချောကလက်ပါလားဟင်” “အေးကွာ.. ဒီနေ့ အလုပ်ပင်ပန်းတာနဲ့ မဝယ်လာမိဘူး” နောက်တစ်နေ့ . . . “ကိုကို . . ဒီနေ့ရော ချောကလက်ပါလားဟင်” “အေးကွာ ဒီနေ့လည်း နောက်ကျတာနဲ့ မဝယ်လာမိဘူး”...
“ဟေ့ကောင် . . မင်းတို့ ရေခဲသေတ္တာထဲမှာ အမြဲတမ်းမုန့်တွေအပြည့်ရှိနေတာ အခုဘာမှ မရှိတော့ပါလားကွ” “အေး . . ငါ့မိန်းမက ဒီလကစပြီး အသင့်စားစရာတွေနဲ့ မုန့်တွေကို လုံးဝ မဝယ်ပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီတဲ့ကွ” “တယ်ဟုတ်ပါလား . . မင်းတို့ကို...
ပင်ပန်းနေတဲ့ မိန်းမက အေးအေးလူလူ သက်သောင့်သက်သာနေတတ်တဲ့ ယောကျာ်းကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြောတယ်။ “တစ်နေ့လုံး ကျွန်မ အိမ်အလုပ်တွေ လုပ်ရတယ်၊ မီးဖိုချောင်ထဲမှာ ချက်ပြုတ်ဆေးကြောရတယ်၊ ကလေးတွေ ထိန်းရတယ်၊ ကလေးတွေ ဝေယျာဝစ္စလုပ်ရတယ်၊ အဝတ်တွေလျှော် ဖွပ်မီးပူတိုက်ရတယ်။ ရှင် ဘာလုပ်သလဲပြော၊ ရှင်...
အဘိုးအိုတစ်ယောက်ရဲ့ ဦးခေါင်းမှာ ဆံပင်ရှစ်ချောင်းပဲရှိပါတယ်။ သူက ဆံသဆိုင်ထဲ ဝင်လာတော့ ဆံသဆရာက မေးတယ်။ “အဘိုး ဆံပင်တွေကို ရေပေးရမလား ဒါမှမဟုတ် အကုန်ညှပ်ချလိုက်ရမှာလား” အဘိုးအိုက ပြုံးပြီး ဖြေတယ်။ “အရောင်ဆိုးပေးစမ်း” (Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ်...
လူနာတစ်ယောက် နေမကောင်းသဖြင့် ဒေါက်တာရမ်းကုဆီ ရောက်လာသည်။ “ဆရာ . . ကျွန်တော် နေမကောင်းလို့ ဆေးထိုးပေးပါဆရာ” ဒေါက်တာရမ်းကုက အကူနှစ်ယောက်ကို ခေါ်ပြီး လူနာကို အတင်းချုပ်လိုက်ရာ လူနာက ကြောက်ကြောက်လန့်လန့်နဲ့ မေးသည်။ “ဘာလုပ်မလို့လဲ ဆရာ” “ကျွန်တော့်ဆီမှာဆေးကုန်နေလို့ ခင်ဗျားကို...
လူကြီးတစ်ယောက် မုန့်ဆိုင်ထဲဝင်လာပြီး စားပွဲထိုးကောင်လေးကို ဟမ်ဘာဂါတစ်လုံးနဲ့ အအေးမှာပြီး ထိုင်စောင့်နေသည်။ စားပွဲထိုးကောင်လေး မုန့်တွေလာချချိန်မှာ- “ဟာ . . ဟိတ်ကောင်လေး၊ မင်းက ငါစားမယ့် ဟမ်ဘာဂါကို ဘာလို့ လက်ကြီးနဲ့ ဖိပြီးယူလာတာလဲ.. မင်းလက်က ပန်းကန်တွေသိမ်းလိုက်၊ စားပွဲတွေသုတ်လိုက်နဲ့ လက်အိတ်လည်းစွပ်ထားတာ...
ဆရာဝန်က လူနာကိုမေးနေသည်။ “ခင်ဗျား အားကစားလုပ်လား” “ရုံးသွားရုံးပြန် လမ်းလျှောက်တာကို ထည့်တွက်လို့ရလား ဆရာ” “ဟုတ်ကဲ့ ရပါတယ်” “အိမ်မှာ ပစ္စည်းအလေးအပင်တွေ သယ်မရွှေ့ရတာရော ထည့်တွက်လို့ရလား ဆရာ” “ဒါတွေကလည်း ကိုယ်လက်လှုပ်ရှားတာတွေပဲ . . ထည့်ပြောလို့ရပါတယ်” “ဟုတ်ကဲ့ပါ ....