Healthy Life Ad
Q & A

နှင်းခူအရေပြားထိန်းသိမ်းစောင့်ရှောက်နည်း

မေး ။ နှင်းခူရှိတဲ့ အရေပြားကို ဘယ်လို ထိန်းသိမ်းသင့်ပါသလဲရှင့်။
လတ်လတ်ခင်၊ တာမွေ။

ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ နေထိုင်တဲ့ ပတ်ဝန်းကျင်က သန့်ရှင်းရမယ်။ ခြောက်သွေ့ရမယ်။ အရေပြား ခြောက်သွေ့တာကို ကာကွယ်ရမယ်။ ရေကိုကြာရှည် မထိတွေ့ရပါဘူး။ ရေငွေ့ပြန်ပြီး အရေပြား ပိုခြောက်သွေ့တတ်ပါတယ်။ ရေပူနဲ့လည်း မစိမ်ရဘူး။ အရေပြား ခြောက်သွေ့စေတယ်။ ရေချိုးပြီးတာနဲ့ ရေငွေ့ထိန်းအရေပြားလိမ်းဆေးလိမ်းရပါမယ်။ နှင်းခူကို စောစောသိ၊ စောစောကုသတာ အကောင်းဆုံးပါ။ မတည့်တာရှောင်နိုင်လေ နှင်းခူကသက်သာလေပါ။ လက်နှင်းခူ၊ ခြေနှင်းခူရှိရင် ရေ၊ ဆပ်ပြာတို့ မကြာခဏ ကိုင်တွယ်တာကို ရှောင်ရပါမယ်။

နှင်းခူစဖြစ်ပြီးရင်တောင် ပိုမဆိုးလာအောင် အရေပြားကို ထိန်းသိမ်းရပါမယ်။ သိပ်ဆိုးရင် အရေပြား ခြောက်သွေ့တာကို ထိန်းရပ်မယ်။ စတီးရွိုက်လိမ်းဆေးကိုနေရာအလိုက် ခွဲခြားပေးရပါမယ်။ ညွှန်ကြားတာထက် ပိုမလိမ်းရဘူး။ ဆိုးကျိုးကိုချိန်ဆပြီး လိမ်းရမယ်။ အယားသက်သာစေတဲ့ လိမ်းဆေး၊ စားဆေး နဲ့ကုသရမယ်။ ပြည်ရှိရင် ပိုးသေဆေး လိမ်းဆေး၊ စားဆေးနဲ့ ကုသရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top