Healthy Life Ad
Q & A

ချွေးထွက်တိုင်း စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး နေရခက် …

မေး. ကျွန်တော်ချွေးထွက်ရင်စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး နေရခက်ပါတယ်။ ကျောပြင်တစ်ခုလုံး စပ်ဖျဉ်းဖျဉ်းဖြစ်နေတာပါ။ လူကြားထဲကုတ်လို့လည်းမရနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဘာကြောင့်ဖြစ်ရပါသလဲဆရာ။ သက်သာအောင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ။
ထက်နိုင်၊ ထောက်ကြန့်။

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. ဖြစ်ရတဲ့အကြောင်းရင်းကို သိဖို့လိုပါတယ်။ ဥပမာ- နေပူထဲထွက်ရလွန်းသူဆိုရင် နေပူမမိအောင် ထီးဆောင်းတာမျိုး၊ လုပ်ငန်းခွင်မှာအမှုန်အမွှားတွေနဲ့ ထိတွေ့လုပ်ကိုင်ရရင် အတတ်နိုင်ဆုံး ထိတွေ့မှုနည်းအောင်ရှောင်တာမျိုး စသဖြင့်လုပ်နိုင်ပါတယ်။ ထိရောက်တဲ့ ကုသမှုကိုရဖို့ကတော့ စစ်ဆေးကြည့်မှ သိနိုင်တာမို့ နီးစပ်ရာကျန်းမာရေးဌာနမှာ ပြသစေလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top