Healthy Life Ad
Q & A

ပေါင်အကြောတင်းပြီး အသက်ရှူကျပ်တယ် . . .

မေး. ပေါင်အကြောတင်းပြီး အသက်ရှူကျပ်တာ ဘာကြောင့်ဖြစ်သလဲဆိုတာ ပြောပြပေးပါနော်။
ဆုဝတီကျော်ဝင်း မိဆု (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ပေါင်အကြောတင်းတာနဲ့ အသက်ရှူကျပ်တာက ဆက်စပ်မှုသိပ်မရှိပါဘူး။ ပေါင်အကြောတင်းတာက အာရုံကြောညပ်တာ ဒါမှမဟုတ် ကြွက်သားလှုပ်ရှားမှုများပြီး Spasm ရတာ၊ ခါးအနေအထားမမှန်တာ စတာတွေနဲ့တွဲနေနိုင်ပါတယ်။ အသက်ရှူကျပ်တယ်ဆိုတာကလည်း အအေးမိ၊ ချောင်းဆိုးပြီး အဆုတ်ဝေဒနာတစ်ခုခုကြောင့် ဖြစ်တတ်ပါတယ်။ နှစ်ခုလုံးနဲ့ ဆက်စပ်တာကတော့ အအေးမိတာပဲဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top