Healthy Life Ad
Q & A

ဘားတန်းခိုရင်း ပြုတ်ကျတာ မြီးညောင့်ရိုး အောင့်သွားလို့ . . .

မေး။ ။ဘားတန်းခိုရင်းပြုတ်ကျတာ မြီးညောင့်ရိုးအောင့်သွားတယ်။ အဲဒါ ဘယ်လိုဆေးမျိုးသောက်သင့်လဲရှင့်။

Aye Thida Tun(FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ မြီးညောင့်ရိုး (coccyx) ထိခိုက်မိသွားတာ ဖြစ်နိုင်ပါတယ်။ အရမ်းဆိုးရွားတာမျိုး မဟုတ်ရင် ရက်အနည်းငယ်အတွင်းမှာ သက်သာသွားပါလိမ့်မယ်။ ဆေးပူတွေ မလိမ်းပါနဲ့။ ရေခဲကို အဝတ်စနဲ့ထုပ်ပြီး ကပ်ပေးပါ။ ထိုင်တဲ့အခါ ရှေ့နည်းနည်းကွေးထိုင်ပါ။ ပါရာစီတမောလို သာမန် အကိုက်အခဲ ပျောက်ဆေးသောက်ပါ။ မသက်သာဘဲ ပိုဆိုးလာရင် ဆေးရုံဆေးခန်းပြပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top