Healthy Life Ad
Health Tips

ခံရခက်သည့် လျှာနာသောဝေဒနာ

၊ ဇွန် ၊

လျှာနာရတာက အဓိကအားဖြင့် သွားတွေက လျှာကိုပွတ်တိုက်ဖန်များတာကြောင့် ဖြစ်တတ်ပါတယ်။ အစာစားစဉ်၊ စကားပြောစဉ် လျှာကို သွားနဲ့ကိုက်မိတာကြောင့်လည်း လျှာနာရတတ်ပါတယ်။

လျှာနာရခြင်း အကြောင်းရင်း

– လျှာကိုသွားနဲ့ကိုက်မိတာ ဒါမှမဟုတ် သွားအစွန်းတွေက လျှာကိုရှနေတာ စတဲ့အချက်တွေကြောင့် လျှာနာရတတ်ပါတယ်။

– အံကပ်တပ်ဆင်ထားသူတွေမှာ အံကပ်အံမဝင်တာကြောင့် လျှာကိုထိခိုက်မိရာက လျှာနာတတ်ပါတယ်။

– လျှာကို မတော်တဆထိခိုက်မိတာကြောင့် နီမြန်းနာကျင်တဲ့ ဝေဒနာဖြစ်ပေါ်တတ်ပါတယ်။ အိပ်စက်ရင်း လျှာကိုကိုက်မိတာကြောင့်လည်း လျှာနာတတ်ပါတယ်။

– အလွန်ပူပြင်းတဲ့အစားအသောက်၊ အက်ဆစ်ပါတဲ့ အစားအသောက်၊ လျှာပိုးဝင်တာစတဲ့ အခြေအနေတွေကြောင့်လည်း လျှာအဖုတွေ စပ်ဖျဉ်းဖျဉ်းဖြစ်ကာ လျှာနာရတတ်ပါတယ်။

– မှက္ခရုနဲ့ ပိုးဝင်မှုတွေကြောင့် လျှာနာတတ်ပါတယ်။ ပါးစပ်ထဲအနာပေါက်တာ၊ သွားဖုံးရောင်တာနဲ့ လျှာကင်ဆာတွေကြောင့်လည်း လျှာနာတတ်ပါတယ်။

လျှာနာနေလျှင်

ပိုးဝင်တာကြောင့် လျှာနာရင် ပဋိဇီဝပိုးသတ်ဆေးကို ဆေးပတ်လည်တဲ့အထိ သောက်ပေးရပါမယ်။ လျှာနာတဲ့ဝေဒနာသက်သာဖို့အတွက် အကိုက်အခဲပျောက်ဆေးကို သောက်ပေးနိုင်ပါတယ်။

လျှာနာတဲ့ဝေဒနာသက်သာစေဖို့ ခံတွင်းသန့်ရှင်းရေးကို အထူးအလေးထားဂရုစိုက်ပေးဖို့လိုပါတယ်။ သွားတိုက်တာ၊ သွားကြားပွတ်ကြိုးသုံးတာ စတဲ့နည်းတွေနဲ့ သွားနဲ့ခံတွင်းကိုထိန်းသိမ်းပါ။

ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြည့်ပါဝင်တဲ့ မျှတတဲ့အာဟာရကို စားပေးတာကလည်း ပိုးဝင်မှုမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ လျှာနာကျင်မှုက အကြာကြီးဖြစ်နေရင်၊ မပျောက်ဘဲ တဖြည်းဖြည်းပိုဆိုးလာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top