Healthy Life Ad
Humour

ဉာဏ်ကောင်းလွန်းတဲ့ခြင်တွေ . . .

ညနေစောင်းတွင် သူငယ်ချင်းနှစ်ယောက် ကမ်းစပ်တစ်နေရာ၌ အရက်ထိုင်သောက်နေကြသည်။ နေမဝင်ခင် အချိန်ကတည်းက သူတို့နှစ်ယောက် ခြင်အများအပြား ကိုက်တာခံနေရလေသည်။ နေဝင်ပြီး သိပ်မကြာခင်မှာ ပိုးစိမ်းကြူးလေးတွေ အနီးအနားမှာ ထွက်လာသည်ကို တစ်ယောက်က တွေ့သောအခါ ရီဝေဝေနဲ့ ပြောလေသည်။

“ဒီခြင်တွေကတော့ကွာ . . . အလင်းရောင်ရှိကတည်းက ကိုက်လိုက်တာ မှောင်သွားလို့ ငါတို့ကိုမတွေ့တော့ရင် အကိုက်မခံရတော့ဘူးလို့ထင်နေတာ၊ အခုတော့ ဒီကောင်တွေက မီးအိမ်တွေပါ ယူလာကြတယ်ကွ . . .”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top