Healthy Life Ad
International

အသက်အန္တရာယ်ရှိတဲ့ ခွဲစိတ်မှုကို စွန့်စားခွဲစိတ်ခဲ့ပြီးနောက် ကိုယ်ချင်းဆက်အမြွှာညီအစ်မ ကျန်းမာရွှင်လန်းလျက်ရှိ

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ အသက် ၂ နှစ်အရွယ် အီရီကာနဲ့ အီဗာ ကိုယ်ချင်းဆက်အမြွှာညီအစ်မဟာ သားအိမ်၊ အစာခြေလမ်းကြောင်း အသည်း၊ ဆီးအိတ်၊ တတိယခြေချောင်းတို့ တွယ်ဆက်မွေးဖွားလာခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလက ၁၈ နာရီကြာတဲ့ ခွဲစိတ်မှုကိုပြုလုပ်ခဲ့ပြီး ကလေးနှစ်ယောက်ကို ပိုင်းခြားနိုင်ခဲ့ပါတယ်။ ကလေးတစ်ယောက်စီမှာ ခြေထောက်တစ်ချောင်းစီသာကျန်ရစ်ခဲ့ပြီး တတိယခြေချောင်းကို ပြန်လည်တည်ဆောက်ရေးအတွက် အသုံးပြုခဲ့ပါတယ်။ ခွဲစိတ်မှုပြီးနောက် သူတို့နှစ်ယောက်ဟာ စိုးရိမ်စရာကောင်းလောက်အောင် အားနည်းနေခဲ့ပါတယ်။ နောက်ပိုင်းမှာ အခြေအနေကောင်းလာခဲ့ကာ အီရီကာက ဖေဖော်ဝါရီ ၁၃နဲ့ အီဗာက မတ်လ ၉ရက်နေ့မှာ ဆေးရုံကဆင်းနိုင်ခဲ့ပြီး ပြန်လည်တည်ထောင်ရေးစင်တာတစ်ခုသို့ ပြောင်းရွှေ့ခဲ့ပါတယ်။

ယခု ခွဲစိတ်ပြီး ၇ လအကြာမှာ အီရီကာ ကိုယ်အလေးချိန် ပေါင် ၂၀နဲ့ အီဗာ ၁၉ပေါင် ၈အောင်စ ရှိလာကာ ကျန်းမာရွှင်လန်းလျက်ရှိကြောင်း သိရပါတယ်။ နောက်နှစ်မှာ ချိုင်းထောက်အသုံးပြုပြီး လမ်းလျှောက်နိုင်မယ်လို့ ဆရာဝန်တွေက ခန့်မှန်းထားကြပါတယ်။ လောလောဆယ်အထိ ကလေးနှစ်ယောက်ကို နှာခေါင်းပိုက်မှ အစာကျွေးနေရဆဲဖြစ်တယ်လို့ သိရပါတယ်။ မိဘတွေက သူတိုရဲ့စွန့်စားတဲ့ဆုံးဖြတ်ချက်အတွက် ဂုဏ်ယူနေပြီး ကလေးနှစ်ယောက်ဟာ သီးခြားတစ်ဘဝစီရပ်တည်နေကာ အနာဂတ်ဘဝလှပဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top