Healthy Life Ad
Q & A

လည်ပင်းအဆိပ်ဖြစ်တယ်ဆိုတာ . . .

မေး. လည်ပင်းအဆိပ်ဖြစ်နေတယ်လို့ ကျွန်တော့်ကို ဆရာဝန်ကပြောပါတယ်။ အဲဒီရောဂါက လည်ပင်းကြီးရောဂါထဲမှာ ပါပါသလားခင်ဗျာ။ စိုးရိမ်ရပါသလား။ အရက်ဘီယာသောက်လို့ ရပါသလားခင်ဗျာ။
သိုင်းမင်းသား (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. မေးခွန်းအရဖြေရရင် လည်ပင်းအဆိပ်ဆိုတာ လည်ပင်းရှေ့မှာရှိတဲ့ သိုင်းရွိုက်ဂလင်းက ဟော်မုန်းတွေ အထွက်များတာကို လည်ပင်းအဆိပ်လို့ သုံးကြပါတယ်။ ဆေးပညာအရ Hyperthyroid လို့ခေါ်ပါတယ်။ လည်ပင်းအကျိတ်ကထုတ်တဲ့ အဆိပ်တွေများတဲ့အခြေအနေမှာ လည်ပင်းကြီးပြီး ဟော်မုန်းထုတ်တာများတဲ့ အခြေအနေလည်း ရှိတတ်ပါတယ်။ တချို့ကျတော့ လည်ပင်ကြီးပြီး သိုင်းရွိုက်ဟော်မုန်းမများတဲ့ အခြေအနေလည်းရှိပါတယ်။ ဒါကိုလည်ပင်းကြီးတယ်လို့ပဲ ဆိုပါတယ်။ သိုင်းရွိုက်ကထုတ်တဲ့ ဟော်မုန်းမများပါဘူး။

ဒီတော့ အခုမေးတဲ့မေးခွန်းကိုဖြေရရင် သိုင်းရွိုက်ဟော်မုန်းများတဲ့ အခြေအနေက လည်ပင်းကြီးတာနဲ့ တွဲဖြစ်တာလည်းရှိသလို မတွဲဘဲလည်းရှိပါတယ်။ သိုင်းရွိုက်ဟော်မုန်းများရင် မျက်လုံးပြူးထွက်လာမယ်၊ သွေးခုန်နှုန်းတွေမြန်မယ်၊ ချွေးစေးတွေထွက်မယ်၊ သွေးပေါင်တက်မယ် . . ဒါတွေဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းတွေ အရမ်းများသွားရင်တော့ နှလုံးခုန်နှုန်းမြန်တာ၊ နှလုံးခုန် မမှန်တာတွေဖြစ်နိုင်ပါတယ်။ သမားရိုးကျအားဖြင့် စိုးရိမ်စရာမဟုတ်ပေမယ့် သိုင်းရွိုက်ဟော်မုန်း အရမ်းများရင်တော့ အန္တရာယ်ရှိလို့ စနစ်တကျကုသသင့်ပါတယ်။ အရက်၊ ဘီယာနဲ့ သိုင်းရွိုက်ဟော်မုန်းက တိုက်ရိုက်ဆက်စပ်မှုတော့မရှိပါဘူး။ ဒါပေမဲ့ အရက်သောက်တာများရင် နှလုံးခုန်မြန်၊ ရင်တုန်တတ်တယ်။ သိုင်းရွိုက်ဟော်မုန်းများရင်လည်း ရင်တုန်တတ်တယ်။ ဒါကြောင့် စနစ်တကျ ကုသမှုခံယူမယ်ဆိုရင်တော့ အရက်ဘီယာ အသင့်အတင့်သောက်ရင် အန္တရာယ်မရှိဘူးလို့ ယူဆရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top