Healthy Life Ad
Health Tips

သိုင်းရွိုက်ဟော်မုန်း လျော့နည်းခြင်းနှင့် သိုင်းရွိုက်ဟော်မုန်းများခြင်းအကြား ခြားနားချက်များ

– သိုင်းရွိုက်ဟော်မုန်း လျော့နည်းခြင်း

သိုင်းရွိုက်ဂလင်းမှ သိုင်းရွိုက်ဟော်မုန်းပုံမှန်အောက် လျော့နည်းစွာ ထုတ်ပေးတဲ့ အခြေအနေကို Hypothyroidism လို့ခေါ်ပါတယ်။ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ ဆံပင်ခြောက် သွေ့ကြမ်းတမ်းတာ၊ မျက်ခုံးမွှေးပါးတာ၊ မျက်နှာဖောင်းအစ်တာ၊ သိုင်းရွိုက်ဂလင်းကြီးတာ (လည်ပင်းကြီးရောဂါ)၊ နှလုံးခုန်နှုန်း နှေးတာ၊ ကိုယ်အလေးချိန်တက်တာ၊ ဝမ်းချုပ်တာနဲ့ လက်သည်းခြေသည်းကြွပ်ဆတ်တာတို့ ဖြစ်တတ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းလျော့နည်းတဲ့ အခြေအနေဖြစ်ရင် အဆစ်ရောင်နာဖြစ်တာ၊ အအေးဒဏ်ကို ခံနိုင်ရည်မရှိတာ၊ စိတ်ဓာတ်ကျတာ၊ အရေပြားခြောက်သွေ့တာ၊ နုံးချည့်ညောင်းညာတာ၊ မေ့လျော့တာ၊ မျိုးအောင်နိုင်စွမ်း မကောင်းတာ၊ ရာသီများများလာတာ၊ ကြွက်သားနာကျင်ကိုက်ခဲတာ စတာတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။

– သိုင်းရွိုက်ဟော်မုန်း များခြင်း

သိုင်းရွိုက်ဂလင်းမှ သိုင်းရွိုက်ဟော်မုန်းပုံမှန် ထက်လွန်ကဲစွာထုတ်ပေးတဲ့ အခြေအနေကို perthyroidism လို့ခေါ်ပါတယ်။ ဖြစ်တတ်တဲ့လက္ခဏာတွေကတော့ ဆံပင်ကျွတ်တာ၊ မျက်စိပြူးထွက်တာ၊ သိုင်းရွိုက်ဂလင်းကြီးတာ၊ နှလုံးခုန်နှုန်း မြန်တာ၊ ချွေးထွက်တာ၊ ကိုယ်အလေးချိန်ကျတာ၊ ဝမ်း မကြာ ခဏသွားတာ၊ လက်ဖဝါး နွေးထွေးစိုစွတ်တာ၊ လက်ချောင်းတွေ တုန်တာ၊ လက်သည်းပျော့တာတို့ ဖြစ်တတ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းများတဲ့ အခြေအနေဖြစ်ရင် အိပ်စက်မှုဆိုင်ရာ ဝေဒနာခံစားရတာ၊ မျိုးအောင်နိုင်စွမ်းချို့တဲ့တာ၊ အပူဒဏ်ကို ခံနိုင်ရည် မရှိတာ၊ စိတ်ကသိကအောက်ဖြစ်တာ၊ ကြွက်သားအားနည်းတာ၊ စိတ်ဂနာမငြိမ်ဘဲ လှုပ်ရှားတက်ကြွနေတာနဲ့ ရာသီစက်ဝန်း ကမောက်ကမ ဖြစ်တာတို့လည်း ဖြစ်တတ်ပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top