Healthy Life Ad
Women

ညာဘက်ရင်သား စူးစူးပြီးနာ . . .

မေး ။ ဆရာရှင့် . . . ကျွန်မရင်သားညာဘက်က ရာသီလာခါနီးဆိုရင် စူးစူးပြီး နာပါတယ်။ ရင်သားအပေါ် ပိုင်းကအသားနေရာမှာပါ နာတာပါ။ ရင်သားအပေါ်ပိုင်း ပိုနာပါတယ်။ ညှစ်ရင် နို့ရည်လိုမျိုး အဖြူရည် နည်းနည်း ထွက်ပါတယ်။ အကျိတ်တော့မရှိပါဘူး။ ဆရာဝန်က ကျွန်မအရင်သောက်ခဲ့ဖူးတဲ့ ဆေး အရှိန်တွေကြောင့် နို့ကြောတင်းတယ်လို့ ပြောပါတယ်။ နို့ခမ်းဆေးတိုက်ပါတယ်။ စိုးရိမ်ပါသလားရှင်။ ကင်ဆာဖြစ်နိုင်ပါသလား။ အခုဆက်တိုက်နာနေတာ တစ်လလောက် ရှိပါပြီရှင်။
လရိပ်ချို (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ အရင်သောက်တဲ့ ဆေးအရှိန်လို့ဆိုတဲ့အတွက် အရင်က ဘာဆေးတွေသောက်လဲသိမှသာ ဘာ့ ကြောင့်လဲဆိုတာ မှန်းဆနိုင်မှာပါ။ ရာသီလာခါနီး ကာလမှာ အနည်းငယ်တင်းလာ၊ နာလာတာဟာ တချို့မှာ ပုံမှန်မို့လို့စိုးရိမ်ဖို့မလိုပါ။ ဒါပေမဲ့ ဆက်တိုက်နာနေ၊ တင်းနေတယ်ဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းမှာ ပြသစစ်ဆေးပြီး ကုသမှု ယူဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top