Healthy Life Ad
International

မမျိုးဥ ၂၁ ခုထုတ်ရောင်းပြီး သေလုမျောပါးဖြစ်သွားတဲ့ တရုတ်ကျောင်းသူ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံတောင်ပိုင်းမှ ဆယ်ကျော်သက် ကျောင်းသူတစ်ယောက်ဟာ တရားမဝင်သားဖွားနှင့် အငှားကိုယ်ဝန်ဆောင်အေဂျင်စီတစ်ခုသို့ မမျိုးဥ ၂၁ လုံးထုတ်ရောင်းခဲ့ပြီးနောက် သေလုမျောပါး ဖြစ်သွားခဲ့ပါတယ်။ တန်ဖိုး တရုတ်ယွမ် ၁၅၀ဝ၀(အမေရိကန်ဒေါ်လာ ၂၂၀ဝ နီးပါး)နဲ့ ရောင်းချဖို့သဘော တူညီခဲ့တယ်လို့ သိရပါတယ်။ကျောင်းသူဟာ သူငယ်ချင်းတွေ ရဲ့ဆက်သွယ်ပေးမှုမှတဆင့် အဆိုပါအေဂျင်စီနဲ့ လွန်ခဲ့တဲ့နှစ်ကချိတ်ဆက်မိခဲ့ပါတယ်။ သူဟာ သားဥအိမ်လှုံ့ဆော်တဲ့ဆေး ၁၀ရက်ကျော် ထိုးခဲ့ရပြီး လွန်ခဲ့တဲ့နှစ်အောက်တိုဘာလက မမျိုးဥထုတ်ခွဲစိတ်မှုခံယူခဲ့ပါတယ်။ ခွဲစိတ်ပြီး ၃ရက်အကြာမှာ အပြင်းအထန်နေမကောင်းဖြစ်ခဲ့ကာ ဆေးရုံတက်ခဲ့ရပါတယ်။ ဆရာဝန်တွေက ကျောင်းသူရဲ့ သားဥအိမ်တွေ ဆိုးဆိုးရွားရွားပျက်စီးသွားကြောင်း တွေ့ရှိခဲ့ပါတယ်။ တရားမဝင်ဆေးပညာကျင့်သုံးမှုနဲ့ အေဂျင်စီမှ ဝန်ထမ်းနှစ်ယောက်ဟာ ဧပြီလက ထောက်ဒဏ် ၁ နှစ် ၁၀လ အသီးသီးပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ အငှားကိုယ်ဝန်ပွဲစားတွေဟာ အထက်တန်းနဲ့တက္ကသိုလ်ကျောင်းသူတွေကို မမျိုးဥရောင်းဖို့ အဓိကဆက်သွယ် ဖျားယောင်းလေ့ရှိပြီး ရုပ်ချောပညာတတ်အမျိုးသမီးတွေအတွက် ဈေးပိုပေးတတ်ကြကြောင်း သိရပါတယ်။ တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၄ နှစ်ကပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ လင်မယား၈စုံမှာ တစ်စုံက သားသမီးမရနိုင်တဲ့ရောဂါ ဖြစ်နေကြကြောင်းသိရပါတယ်။ အစိုးရအရာရှိတွေအနေနဲ့ မှောင်ခိုဈေးကွက်ကို ယခုထက်ပိုမိုတိုက်ဖျက်ဖို့လိုအပ်ကြောင်း အများစုက တိုက်တွန်းထားကြပါတယ်။

(Ref;SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top