Healthy Life Ad
Q & A

ဆီးခဏခဏ သွားလို့ပါ . . .

မေး. အမျိုးသားပါ။ အသက်က ၄၀ပါ။ ဆီးအိမ်ရောင်တယ်။ ဆီးကျန်ပြီး ဆီးခဏခဏသွားတယ်။ တစ်နှစ်လောက်ရှိပါပြီ။ ညဘက်ဆို ဆီးထထသွားတော့ ကောင်းကောင်းအိပ်လို့မရဘူး။ ဘာဆေးများ သုံးရမလဲခင်ဗျာ။
Gyi Gyi (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အကောင်းဆုံး ကုသမှုလိုချင်ရင်တော့ ဆီးစစ်ဖို့လိုပါတယ်။ ဆီးစစ်ပြီး ပိုးဝင်တယ်လို့တွေ့ရရင်တော့ သင့်တော်တဲ့ ပဋိဇီဝပိုးသတ်ဆေးသောက်ဖို့ လိုအပ်ပါတယ်။ ဒါကတော့ ဆရာဝန်နဲ့ပြသပြီးမှ ဆရာဝန်က သင့်တော်တဲ့ ပဋိဇီဝပိုးသတ်ဆေးကို ညွှန်ကြားမှာဖြစ်ပါတယ်။ ဒီကြားထဲ သက်သာအောင်ဆိုရင် Cital (Potassium Citrate)လို ဆေးအရည်ကို တစ်ဇွန်း ရေတစ်ဖန်ခွက်နဲ့ဖျော်ပြီး တစ်နေ့သုံးကြိမ်၊ ငါးရက်လောက် သောက်ပေးရပါမယ်။ နှစ်လကြာရင် လက္ခဏာသက်သာသွားနိုင်ပါတယ်။ မသက်သာရင်တော့ နီးစပ်ရာကျန်းမာရေးဌာန ဒါမှမဟုတ် ပြည်သူ့ဆေးရုံတွေမှာ အခမဲ့သွားရောက်ပြသ တိုင်ပင်စစ်ဆေးနိုင်ပါတယ်။ လိုအပ်ရင် ပဋိဇီဝပိုးသတ်ဆေးကို ဆရာဝန်က ညွှန်ကြားပေးမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top