Healthy Life Ad
Life Style

မျက်နှာမှာ အရေးကြောင်းထင်နေလျှင်

၊ မီမိုး ၊ ဆေးဝါးတက္ကသိုလ်

သင့်မျက်နှာပေါ်က အရေးကြောင်းတွေကို လူတွေသတိမပြုမိအောင် ဖုံးအုပ်ထားနိုင်မယ့် အလွယ်နည်းသုံးရပ်ရှိပါတယ်။

(၁) တောက်ပတဲ့ အပြုံးပြုံးလိုက်ပါ

ဖြူစင်နေတဲ့ သွားတွေပေါ်တဲ့အထိ အားရပါးရပြုံးရယ်ပေးတာက မျက်နှာပြင်ပေါ်က အရေးကြောင်းတွေဆီ အကြည့်မရောက်စေနိုင်တော့ပါဘူး။ အရောင်စွန်းနေတဲ့၊ ညစ်နွမ်းနေတဲ့သွားတွေရှိနေရင် သွားကိုဖြူစင်အောင် ပြုပြင်လိုက်ပါ။ ဖြူစင်နေတဲ့သွားပေါ်အောင် ပြုံးရယ်ပေးတာက သင့်ကိုငယ်ရွယ်နုပျိုစေပါတယ်။

(၂) ဆံပင်ပုံစံပြောင်းလိုက်ပါ

ဆံပင်ပုံစံ အသစ်ပြောင်းဖို့ အချိန်တန်နေပါပြီ။ ဆံပင်အရောင်ကိုလည်းပြောင်းလဲဖို့ ဆံပင်ဖန်တီးသူနဲ့ တိုင်ပင်သင့်ပါတယ်။ ဆံပင်ကို ဟိုက်လိုက်ဖောက်ပေးတာက မျက်နှာကိုနုပျိုသွားစေပြီး မျက်နှာပေါ်က အရေးကြောင်းတွေကို မှိန်သွားသလို ထင်ရစေပါတယ်။

(၃) မျက်ခုံးပုံစံအသစ်ပြောင်းလိုက်ပါ

မှန်ကန်တဲ့မျက်ခုံးပုံစံက မျက်နှာကိုပင့်တင်လိုက်သလိုမျိုး မျက်နှာအနေအထားကို ပြောင်းလဲသွားစေနိုင်ပါတယ်။ သင့်မျက်နှာအနေအထားနဲ့လိုက်ဖက်တဲ့ မျက်ခုံးပုံစံရဖို့ ကျွမ်းကျင်တဲ့အလှပြင်ဆိုင်မှာ သွားရောက်ပြုပြင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top