Healthy Life Ad
Q & A

သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်လား . . .

မေး. သူငယ်ချင်းတစ်ယောက်က အိမ်ထောင်နဲ့ပါရှင့်။ ကိုယ်ဝန်ပျက်ကျဖူးပါတယ်။ ၃နှစ်လောက်ရှိပြီရှင့်။ အခု အလေးအပင်မရင် သွေးနည်းနည်းပြန်ဆင်းလို့ပါ။ နေ့တိုင်းလိုလို နည်းနည်းချင်းဘောင်းဘီမှာ ပေနေလို့ရှင့်။ အနံတော့မပြင်းပါဘူး။ အဲဒါ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ပါ့သလားရှင့်။ အခုက နည်းနည်းလေးဘောင်းဘီးစွန်းရုံလောက် နေ့တိုင်းလာနေတာ အန္တရာယ်ရှိပါသလား။ ခင်ပွန်းနဲ့လိင်ဆက်ဆံစဉ်မှာလည်း နာကျင်ပါတယ်။ ကျောထဲကလည်း အောင့်သလိုခံစားရပါတယ်။ ဘာကြောင့်ပါလဲ။
Zun Moe Sat (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. သွေးနည်းနည်းချင်းဆင်းနေတာကို သေသေချာချာစစ်ဆေးဖို့လိုပါတယ်။ အိမ်ထောင်ပြုတာစောပြီး အိမ်ထောင်ဆက်များသူတွေနဲ့ အသက်ကြီးတဲ့သူတွေမှာဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာ ပိုဖြစ်တတ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ လက္ခဏာတွေက မိန်းမကိုယ်က ပုံမှန်မဟုတ်ဘဲ အဖြူဆင်းတာ၊ သွေးဆင်းတာ၊ အထူးသဖြင့် လိင်ဆက်ဆံပြီး သွေးဆင်းတာ၊ ပုံမှန်မဟုတ်တဲ့ အရည်တွေ၊ ပြည်၊ အရိအချွဲတွေဆင်းတာ၊ မိန်းမကိုယ်အတွင်းပိုင်း ကိုက်ခဲတာ၊ နာကျင်တာ၊ မီးယပ်သွေးဆုံးပြီးမှ သွေးဆင်းတာတို့ ဖြစ်ကြပါတယ်။ သားအိမ်ခေါင်းက အချွဲမြှေးကိုရယူပြီး စစ်ကြည့်လို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top