Healthy Life Ad
Q & A

နွားနို့ကိုအေးမှသောက်ရင် ပိုးကူးစက်တတ်သလား

မေး။ ။ နွားနို့ကို အေးမှသောက်ရင် ပိုးကူးစက်လွယ်တယ်ဆိုတာဟုတ်ပါသလား။ နွားနို့ကို ကျန်းမာရေးနဲ့ ညီညွတ်အောင်ဘယ်လိုသောက်သင့်ပါသလဲ။
ဦးမင်းထွန်း၊ စမ်းချောင်းမြို့နယ်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ နွားနို့က ပိုးသတ်ထားတယ် (Pasteurised) ဆိုရင်တော်တော်လေး အန္တရာယ်ကင်းတယ်လို့ ဆို ရမှာပါ။ ဖွင့်လိုက်ပြီဆိုရင်တော့ ၄၈ နာရီအတွင်းမှာပဲ သောက်သင့်ပါတယ်။ နွားနို့အစိမ်းဆိုရင်တော့ ပူ တုန်းသောက်တာကောင်းတာပေါ့။ နွားနို့ကို ကျိုလိုက်တယ်၊ မသောက်ဖြစ်သေးဘူးဆိုရင် ရေခဲ သေတ္တာထဲသိမ်းထားလိုက် . . ဒါဆို သောက်လို့ရ တယ်။ ဒီလိုမဟုတ်ဘဲ နွားနို့ကိုကျိုပြီး အခန်းအပူ ချိန်မှာပဲထားတယ်ဆိုရင် ပိုးပေါက်တတ်ပါတယ်။ ဒါကိုသောက်လိုက်ရင်တော့ ကျန်းမာရေးနဲ့ မညီ ညွတ်ပါဘူး။ နွားနို့ကိုကျိုပြီး ပူတဲ့အချိန်မှာ သောက်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top