Healthy Life Ad
Health Tips

ဓာတ်မတည့်မှုဖြစ်ခြင်းကို သက်သာစေမည့် အံ့ဖွယ်နည်းငါးသွယ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ရာသီအပြောင်းအလဲကာလတွေမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်မှုတွေကို တွန်းလှန်နိုင်မယ့်နည်းက ဟစ္စတာမင်း ဆန့်ကျင်ဆေးတွေကို သောက်သုံးတာ တစ်ခုတည်းမဟုတ်ပါဘူး။ ဓာတ်မတည့်မှုသက်သာစေဖို့ ဆရာဝန်နဲ့တွေ့ဆုံတာ၊ ဟစ္စတာ မင်းတားဆေးသောက်တာနဲ့ ဓာတ်မတည့် မှုဖြစ်တတ်တဲ့အရာတွေကို ရှောင်ကြဉ်တာ.. စတဲ့ နည်းအားလုံးကို လိုက်နာဖို့ လိုတာမှန်သလို ဓာတ်မတည့်မှုဖြစ်တတ်တဲ့ လက္ခဏာတွေ သက်သာအောင် အောက်ပါနည်းတွေကိုလည်း လိုက်နာသင့်ပါတယ်။

(၁) အိမ်ကို စနစ်တကျ စစ်ဆေးပြုပြင်ပါ
တစ်ခါတစ်ရံ သင့်အိမ်တွင်းအခြေအနေက ပြင်ပပတ်ဝန်းကျင်ထက် ဓာတ်မတည့်မှုကို ပိုဆိုးစေနိုင်ပါတယ်။ လေ့ လာမှုအရ အိမ်တွင်းလေထုညစ်ညမ်းမှုဟာ ပြင်ပလေထုညစ်ညမ်းတာထက် ၁၀ ဆကျော် ပိုများတတ်ကြောင်း၊ လူအများ စုက အိမ်ထဲမှာ အချိန် ၉၀ ရာခိုင်နှုန်းကျော် နေထိုင်တာကြောင့် အိမ်တွင်းလေထု ညစ်ညမ်းမှုကြောင့် ထိခိုက်မှုကို ပိုခံစားရ ကြောင်းသိရပါတယ်။ ဒါကြောင့် အိမ်တွင်းရှိ ကော်ဇော၊ အိပ်ရာခင်း၊ လိုက်ကာနဲ့ ပရိဘောဂမှန်သမျှ သေချာသန့်စင်ထားသင့်ပါတယ်။

(၂) သင့်တော်သော အစားအသောက် များစားပါ
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုအလေ့အထကြောင့် ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားပေးရင် ပန်းနာရင်ကျပ်ရောဂါနဲ့ တခြားဓာတ်မတည့်မှုဝေဒနာတွေ အပါအဝင် ကျန်းမာရေးပြဿနာအများစုကို သက်သာလျော့ပါးစေနိုင်ပါတယ်။ အထူးသဖြင့် အင်တီအောက်ဆီးဒင့်ပါတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ လက်ဖက်စိမ်းနဲ့ တခြားအစားအသောက် တွေကိုစားပေးရင် ကိုယ်တွင်းရောင်ရမ်းမှု ကိုလျော့ကျစေပြီး ဓာတ်မတည့်မှုသက် သာစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ (မှတ်ချက်- အစားအစာတချို့နဲ့ ဓာတ်မတည့်တတ်သူတွေ ဒီအကြံဉာဏ်ကို မယူသင့်ပါ။)

(၃) ကိုယ်အလေးချိန်များနေလျှင်လျှော့ချပါ
အဝလွန်တာနဲ့ ကိုယ်အလေးချိန်များတာဟာ နှလုံးရောဂါကနေ ကင်ဆာရောဂါ ဖြစ်နှုန်းအထိ ဆက်စပ်မှုရှိပါတယ်။ ကိုယ်အလေးချိန် ပေါင်ပိုနေတာကြောင့် ဓာတ်မတည့်မှုကြောင့် ထိခိုက်မှုဖြစ်သလို မျိုး အသက်ရှူရခက်ခဲစေပါတယ်။ ဝမ်းဗိုက်တစ်ဝိုက်က အဆီပိုတွေဟာ အဆုတ်ကို အပြည့်အဝချဲ့တာနဲ့ ရင်ဝမ်းတား ကြွက်သားတွေကို အထက်အောက် ရွေ့လျား တာတွေမလုပ်နိုင်အောင် ဟန့်တားပေးပါတယ်။ ဒါကြောင့် အသက်ကောင်းကောင်း ရှူလို့မရတာမျိုးဖြစ်ရတာပါ။

(၄) စိတ်ဖိစီးမှု လျှော့ချပါ
စိတ်ဖိစီးမှုဖြစ်စေတဲ့ အရာတွေနဲ့ ထိတွေ့တဲ့အခါတိုင်း ခန္ဓာကိုယ်က စိတ်ဖိစီးမှုဟော်မုန်းတွေ ထွက်ရှိတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ကျန်းမာရေးကို စောင့်ရှောက်ပေးတဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ခံစွမ်းအား စနစ်အားနည်းရင် ဓာတ်မတည့်မှုကြောင့် တုံ့ပြန်မှုတွေတိုးစေနိုင်တဲ့အတွက် စိတ်ဖိစီးမှုကိုထိန်းချုပ်နိုင်မယ့် နည်းလမ်းကို ရှာဖွေထိန်းချုပ်သင့်ပါတယ်။

(၅) ဓာတ်မတည့်မှုအတွက်သဘာဝကုထုံး သုံးပါ
ပုံမှန် ဓာတ်မတည့်မှု ကုသဆေးတွေကိုသုံးရင်း အောက်ပါသုံးချက်ကို လိုက်နာရင် ဓာတ်မတည့်မှုဆိုင်ရာ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

– နေ့စဉ် မဂ္ဂနီဆီယမ်၊ ဆီလီနီယမ်၊ ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့တခြား ဗီတာမင်ဘီအုပ်စုတွေပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်ဖြည့်စွက်ဆေးကို မှီဝဲပါ။

– ညအိပ်ရာမဝင်ခင် ပူရှိန်း (Pepp­er­mint) လက်ဖက်ရည် ဒါမှမဟုတ် ချမိုမိုင်း (Chamomile) လက်ဖက်ရည် တစ်ခွက်သောက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top