Healthy Life Ad
Q & A

သားအိမ်ခြစ်ပြီး ဘယ်လောက်ကြာရင် ရာသီပြန်ပေါ်သလဲ . . .

မေး. ကျွန်မအိမ်ထောင်ကျတာ မကြာသေးပါဘူး။ အိမ်ထောင်မကျခင်ကတည်းက ရာသီမမှန်ပါဘူး။ မင်္ဂလာမဆာင်ခင်နဲ့ ဆောင်ပြီး သွေးဆင်းမရပ်လို့ အာထရာဆောင်းရိုက်တာ သားအိမ်ထဲမှာ အသားပိုလေးတွေ့လို့ သွေးဆင်းတာလည်းမရပ်လို့ သားအိမ်ခြစ်လိုက်ပါတယ်။ အခုသားအိမ်ခြစ်ထားတာ ၂လပြည့်တော့မယ်၊ ရာသီမလာသေးပါဘူး ကိုယ်ဝန်ရှိလို့လား၊ စစ်တော့လည်းမရှိသေးပါဘူး။ သားအိမ်ခြစ်ထားရင် ကလေးရမြန်တယ်လို့ပြောတယ်၊ မှန်လားသိချင်ပါတယ်။ သားအိမ်ခြစ်ပြီး ဘယ်လောက်နေရင် ရာသီပြန်ပေါ်ပါသလဲ။
August Phyo (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. သားအိမ်ခြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပါတယ်။ အများအားဖြင့် ရာသီမှန်စေသလို ကလေးရနိုင်ခြေလည်း ပိုစေပါတယ်။ သားအိမ်ခြစ်ခြင်းကြောင့် ရာသီမလာတော့တာမျိုးကတော့ ဖြစ်နိုင်ပေမယ့် ဖြစ်ဖို့အတော်နည်းပါတယ်။ သက်ဆိုင်ရာသားဖွားမီးယပ်အထူးကုနဲ့ ပြန်ပြစေလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top