Healthy Life Ad
Life Style

အာရှလှပျိုဖြူတို့၏ အသားအရေထိန်းသိမ်းနည်း လျှို့ဝှက်ချက်ရှစ်ရပ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အာရှလှပျိုဖြူအများစုက သူတို့ရှိ ရင်းစွဲအသက်ထက် အများကြီး နုပျိုကြည့် ကောင်းတတ်ပါတယ်။ ဒီလိုနုပျိုတဲ့ အာရှလှပျိုဖြူတွေက ဘယ်လိုအသားအရေ ထိန်းသိမ်းနည်းတွေကို လိုက်နာလေ့ရှိသလဲဆိုတဲ့ လျှို့ဝှက်ချက်ကို မျှဝေလိုက်ပါတယ်။


(၁) မျက်နှာသစ်သည့်အခါ ၄-၂-၄ နည်းလမ်းကို သုံးပါ
အာရှအမျိုးသမီးတွေက မျက်နှာသစ်တဲ့ အခါ ၄-၂-၄ နည်းလမ်း ကိုသုံးပါ။ ဆိုလိုတာက မျက်နှာအသားအရေကို သံလွင်ဆီ ဒါမှမဟုတ် Baby oil ကို လေးမိနစ်လိမ်းပါ။ ပြီးရင် မျက်နှာသန့်စင်တဲ့ ခရင်မ်လိမ်းပြီး နှစ်မိနစ်ထားပါ။ ပြီးမှ အသားအရေကို လေးမိနစ် ခန့်စင်ကြယ်အောင် ဆေးကြောပါ။


(၂) ရေမြှုပ်သုံးပါ
အသားအရေသန့်စင်ရာမှာ နူးညံ့တဲ့ရေမြှုပ်ကိုသုံးပါ။ ရေမြှုပ်မသုံးခင်ကြက်သီး နွေးရေထဲ မိနစ်အနည်းငယ် ကြာကြာစိမ်ပြီး နူးညံ့အောင် လုပ်ပေးပါ။ ပြီးမှ မျက်နှာတစ်ဝိုက် စက်ဝိုင်းပုံစံ လှည့်လည်ပြီး သန့်စင်ပေးပါ။


(၃) အသားအရေကို စနစ်တကျ ထိန်းသိမ်းပါ
အာရှလှပျိုဖြူတွေက မျက်နှာအသားအရေအတွက် အသားအရေထိန်း ပစ္စည်း ၁၇ မျိုးလောက်သုံးပြီး ထိန်းသိမ်းလေ့ရှိပါတယ်။


(၄) ဆန်ဆေးရေသုံးပြီး သန့်စင်ပါ
ရှေးနှစ်ပေါင်းများစွာကတည်းက အာရှလှပျိုဖြူတွေဟာ အသားအရေနဲ့ ဆံပင်လှပဖို့ ဆန်ဆေးရေကို အသုံးပြုခဲ့ကြပါတယ်။ မျက်နှာကို ဆန်ဆေးရေနဲ့ တစ်နေ့နှစ်ကြိမ်ဆေးကြောပေးရင် အသားအရေကို နူးညံ့ပျော့ပျောင်းသွား စေပြီး အသားအရေတင်းရင်းလှပစေပါတယ်။ ခေါင်းလျှော်တဲ့အခါ ဆန်ဆေး ရေကိုလိမ်းပြီး ရှမ်ပူနဲ့ခေါင်းလျှော်လိုက်ရင် ဆံပင်သားကို သန်စွမ်းတောက် ပြောင်စေပါတယ်။


(၅) တစ်နှစ်လုံး ခရမ်းလွန်ရောင် ခြည်ဒဏ် ကာကွယ်ပါ
အာရှလှပျိုဖြူတွေက အသားအရေ မထိခိုက်စေဖို့ တစ်နှစ်ပတ်လုံး ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်လေ့ရှိကြပါတယ်။ အမြဲတမ်း နေကာနိုင်စွမ်းရှိတဲ့ ခရင်မ်လိမ်းပြီး အိုမင်းတဲ့ သက်ရောက်မှုတွေ မကျရောက် အောင် ကာကွယ်သင့်ပါတယ်။


(၆) မျက်နှာကို တိုက်ရိုက်ပွတ်သပ်ခြင်းရှောင်ပါ
အာရှလှပျိုဖြူအများစုက အရေပြားကို အလှကုန်တင်ပြီး လက်နဲ့ တိုက်ရိုက်ပွတ်သပ်တာကို ရှောင်လေ့ရှိပါတယ်။ နူးညံ့တဲ့ ရေမြှုပ်တို့ဖတ်စတာတွေနဲ့ တို့ထိလိမ်းလေ့ရှိပြီး အဲဒီနည်းက အသားအရေမှာ သွေးလှည့်ပတ်စီးဆင်းမှု ကောင်းမွန်စေကာ အသားအရေတင်းရင်းလှပစေပါတယ်။


(၇) ပူဒီနာ(ပူစီနံ)နှင့် လက်ဖက်စိမ်းပါသော အလှကုန်ရွေးချယ်ပါ
ပူဒီနာ(ပူစီနံ)နဲ့ လက်ဖက်စိမ်းလက် ဖက်ရည်ပါတဲ့ အိုမင်းမှုတားခရင်မ်၊ မျက်နှာပေါင်းတင်ကပ်ခွာစတာ တွေက အသားအရေ ကို ကျန်းမာပြီး တောက်ပြောင်စေပါတယ်။


(၈) အသားအရေ တင်းရင်းလှပစေရန် ကြေးချွတ်ပါ
အကောင်းဆုံး ရလဒ်ရရှိဖို့ အသားအရေကို သဘာဝနည်းနဲ့ ကြေးချွတ်သန့်စင်ဖို့လိုပါတယ်။ ပြုလုပ်ရမယ့်နည်းက သကြားလက်ဖက်စားဇွန်း တစ်ဝက်နဲ့စန္ဒကူးမှုန့်လက်ဖက်စား ဇွန်းတစ်ဇွန်းတို့ကို ရောမွှေပြီး ခရမ်းချဉ် သီးတစ်ဝက် အရည်ညှစ်ထည့်ပါ။ ရလာတဲ့ အရောအနှောကို မျက်နှာပေါ် လိမ်းပြီး အချိန် ၅-၁၀ မိနစ်ခန့်ထားပါ။ ပြီးမှ ရေနဲ့ဆေးကြောသန့်စင်လိုက်ပါ။ အသားဖြူချင်ရင် အာလူးကိုသုံးပါ။ အာလူးပါးပါးလှီးပြီးအရည်ညှစ်ပါ။ ပြီးရင် ပန်းကန်လုံးတစ်လုံးထဲ အာလူးရည်လက်ဖက်စားဇွန်းလေးဇွန်း၊ ပျား ရည် လက်ဖက်စားဇွန်းနှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း သုံးဇွန်းနဲ့ ဆန်မှုန့်လက်ဖက်စားဇွန်း နှစ် ဇွန်းတို့ ရောမွှေပြီး အသားအရေပေါ် ခပ်ထူထူ လိမ်းပါ။ မိနစ် ၃၀-၄၀ ကြာထားပြီး အချိန် ၂-၅ မိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးကြောသန့်စင်ပေးရမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top