Healthy Life Ad
Q & A

ကိုယ်ဝန်ရှိမှာ ကြောက်တယ် . . .

မေး။ ။ ကျွန်မ အခုထိသံသယဝင်နေတာလေး မေးချင်လို့ပါ။ ဆေးခန်းပြရမှာ ရှက်လည်းရှက်တယ် ကြောက် လည်းကြောက်မိလို့ပါ။ ကျွန်မနဲ့ ကျွန်မချစ်သူနဲ့ မတ်လ ၁၈ရက်က အတူတူအိပ်ခဲ့ပါတယ်။ အကာ အကွယ်မပါလို့ ဟိုကိစ္စအထမမြောက်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မအင်္ဂါအဝမှာတော့ ပေခဲ့ပါတယ်။ အဲဒီလမှာလည်း ကျွန်မရာသီလာခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာလည်း ရာသီလာခဲ့ပါတယ်။ ပထမလထက် ပြီးခဲ့တဲ့လမှာတော့ ၂ရက်-၃ရက်လောက် နောက်ကျပါတယ်။ အဲ့ဒါ ကိုယ်ဝန်များရနိုင်မလားရှင့်။ ဆေးခန်းပြရမှာကြောက်လို့ပါရှင့်။ ကိုယ်ဝန်ရှိလာရင် ဘယ်လိုတွေဖြစ်တတ်ပါသလဲရှင့်။
LT(FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ စာအရ ကိုယ်ဝန်မရှိနိုင်ပါ။ ကိုယ်ဝန်အစပိုင်းမှာ ရာသီထိမ်သွားခြင်း၊ ရင်သားများတင်းလာခြင်း၊ နာ လာခြင်း၊ ခါးကိုက်ခြင်း၊ အော်ဂလီဆန်ပျို့အန်ခြင်း၊ စိတ်ခံစားမှုပြောင်းလဲခြင်းတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်စရပြီး နှစ်ပတ်ကျော်ကစပြီး ဆီးစစ်ပစ္စည်းနဲ့ နံနက်စောစော ဆီးကိုယူပြီး မိမိဘာသာစစ်ကြည့် လို့ရနိုင်တာကြောင့် သံသယရှိရင် စစ်ကြည့်လို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top