Healthy Life Ad
Humour

ပွဲကြီးပွဲကောင်း

ဘီယာဆိုင်တစ်ဆိုင်ထဲသို့ အသက်ကြီးကြီး လူတစ်ယောက် ဝင်လာပြီး ဘီယာမှာသောက်လေသည်။ အနည်းငယ် မူးလာချိန်တွင် ဘေးဘယ်ညာ ကြည့်လိုက်ရာ ဗလတောင့်တောင့်နှင့် လူမိုက်ပုံစံ ခပ်ကြမ်းကြမ်းတစ်ယောက်ကို လှမ်းတွေ့လိုက်သည်။ ထိုဗလကြီးထိုင်နေတဲ့ စားပွဲကိုသွားပြီး မျက်နှာချင်းဆိုင်ကာ ရန်စလေသည်။

“ကောင်လေး… ငါ မနက်က မင်းရဲ့အမေနဲ့ တွေ့ခဲ့တယ်ကွာ… မင်းအမေက တော်တော်ကြည့် ကောင်းတာပဲကွနော်…”
ဆိုင်ရှိလူအားလုံးအံ့သြပြီး ကြည့်နေကြသည်။ ဗလကြီးက စကားပြန်မပြောဘဲ သူ့ဘီယာကိုသာ သောက်နေသည်။

“မင်းအမေကကြည့်လို့ကောင်းလွန်းတာနဲ့ ငါ သူ့ပါးကိုတောင် နမ်းခဲ့လိုက်သေးတယ်ကွ သိလား”
ဗလကြီး ဘာမှမပြောသေး။ ဘေးလူတွေကတော့ ရန်ဖြစ်မှာ စိုးရိမ်နေပြီး ဗလကြီးသာ စိတ်တိုလာလျှင် အဘိုးကြီး အထိနာတော့မှာကို စိတ်ပူနေကြပြီ။

“ထပ်ပြောရမယ်ဆိုရင်… မင်းအမေကငါနမ်းတာကိုလည်း သဘောကျနေပုံပဲကွ.. ဟားဟားဟား”
ဒီတစ်ခါ ဗလကြီးထိုင်ခုံကထလာသည်။ ဆိုင်ထဲက လူအားလုံး လန့်ဖျတ်ပြီး ပွဲကြီးပွဲကောင်း ကြည့်ရတော့မှာပဲဟု တွေးလိုက်ကြသည်။

အဘိုးကြီး လက်မောင်းကို ကိုင်ပြီး မျက်နှာချင်းဆိုင်ကာ ဗလကြီး ပြောလိုက်တာက-
“အဖေ … တော်တော်မူးနေပြီ… အိမ်ပြန်ပါတော့ဗျာ..”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top