Healthy Life Ad
Health Tips

ဝေဒနာအလွယ်ဖြေရှင်းနည်းများ

– မျက်စိခြောက်သွေ့ညောင်းညာခြင်းအတွက်

လက်ဖက်စိမ်းလက်ဖက်အိတ်ကို ရေနွေးကြမ်းအဖြစ်စိမ်ပြီး သောက်ပြီးတဲ့အခါ ရေခဲသေတ္တာထဲမှာ အနည်းဆုံး မိနစ် ၂၀ကြာအအေးခံပါ။ ပြီးရင် မျက်စိပေါ်ကို ၁၀ မိနစ်ကြာကပ်ထားပေးပါ။ ရောင်ရမ်းမှုလျော့ကျစေတဲ့ အာနိသင်ရှိပါတယ်။

– နှာခေါင်းပိတ်ခြင်းအတွက်

မျက်ကပ်မှန်ဆေးရည်အစက် အနည်းငယ်ကို နှာခေါင်းထဲထည့်တာမျိုးလည်း လုပ်ဆောင်နိုင်ပါတယ်။ ဒါမှမဟုတ် ယူကလစ်ဆီကို ကြက်သီးနွေးချိုး ရေထဲအနည်းငယ်ထည့်ပြီး ထွက်လာတဲ့အငွေ့ကို ရှူရှိုက်နိုင်ပါတယ်။

– ခံတွင်းနံ့ဆိုးခြင်းအတွက်

ရှားစောင်းဂျဲလ်အနှစ်သားခွက်ရဲ့ လေးပုံတစ်ပုံကို ရေ ဒါမှမဟုတ် ပန်းသီးဖျော်ရည်ခွက်တစ်ဝက်ထဲ ထည့်ဖျော်ပါ။ ရှားစောင်းလက်ပပ်မှာ ရောင်ရမ်းမှုကျစေတဲ့ B-sitosterol ဒြပ်ပေါင်းပါဝင်ပြီး အက်စစ်ကြောင့် အစာမကြေကာ ခံတွင်းအနံ့ဆိုးထွက်တာကို သက်သာစေပါတယ်။ ရှားစောင်းလက်ပပ်ကို များများစားရင်တော့ ဝမ်းပျော့ပျော့သွားစေနိုင်ပါတယ်။

– သွားဖြူစင်လှပစေရန်အတွက်

ဆော်ဒါမှုန့် လက်ဖက်စားဇွန်းတစ်ဝက်နဲ့ ပါအောက်ဆိုက်တစ်စက်၊ နှစ်စက်ကိုရောပြီး သွားတိုက်ကာ မိနစ်အနည်းငယ်ထားပြီးမှ ပလုတ်ကျင်းပါ။ မမျိုချရပါဘူး။ ဆော်ဒါမှုန့်ဟာ စိတ်ချရတဲ့ ကြေးချွတ်ဆေးဖြစ်ပါတယ်။ ဆော်ဒါမှုန့်နဲ့ဆားကိုရောပြီး ဝါနေတဲ့သွားတွေကို တိုက်ပေးရင်လည်း သွားတွေဖြူစင်စေပါတယ်။ တကယ်လို့ ပါအောက်ဆိုက်မရှိရင် ဆားကိုအစားထိုးသုံးနိုင်ပါတယ်။

– ဗောက်ထခြင်းအတွက်

အင်တီအောက်ဆီးဒင့်ပါဝင်တဲ့ လက်ဖက်စိမ်းလက်ဖက်ရည်ဟာ ဦးရေပြားဗောက်ထတာကို သက်သာစေပါတယ်။ လက်ဖက်စိမ်းလက်ဖက်အိတ် နှစ်အိတ်ကို ရေပူတစ်ခွက်ထဲမှာ မိနစ် ၂၀ ကြာပြုတ်ပြီး တစ်ညလုံးထားပါ။ အေးမြတဲ့အခါ ဦးရေပြားကို အဲဒီလက်ဖက်အိတ်နဲ့ ညင်ညင်သာသာပွတ်သပ်ပေးပါ။ ဗောက်ထတာ သက်သာသွားပါလိမ့်မယ်။

– ဝက်ခြံအဖုအပိမ့်အတွက်

လက်ဖက်ဆီမှာ ပိုးသတ်အာနိသင်နဲ့ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိပါတယ်။ ဝက်ခြံထွက်လာတဲ့အခါ လက်ဖက်ဆီအစက်အနည်းငယ်ကို လိမ်းပေးပါ။ ဝက်ခြံကို အရက်ပျံနဲ့ ဘယ်တော့မှမလိမ်းပါနဲ့။ အရေပြားကို ခြောက်သွေ့ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါတယ်။

– အသားမာတက်ခြင်းအတွက်

အသားမာတက်တဲ့နေရာကို ဆား ဒါမှမဟုတ် အညိုရောင် သကြားရေထဲ အချိန် ၁၀-၁၅ မိနစ်ကြာစိမ်ပြီး ကြေးချွတ်ပေးပါ။ အရေပြားဆဲလ်သေတွေ ကင်းစင်သွားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top