Healthy Life Ad
Child

မွေးကင်းစကလေး မျက်စိနာနေလို့ . . .

မေး. မွေးကင်းစအရွယ် ကလေးမျက်စိနာနေလို့ ဘာလုပ်ရမလဲပြောပေးပါ။
နဂါးမင်း (FB)

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. မျက်စိနာတာက မွေးကင်းစကလေးလေးတွေမှာ အဖြစ်များပါတယ်။ အဲဒါကို ဆေးပညာအရ Neonatal Conjuntivitis လို့ခေါ်ပါတယ်။ ဒါက မိခင်ရဲ့ သားဖွားလမ်းကြောင်းတစ်လျှောက်မှာ ရောဂါပိုးတွေရှိနေရင် ကလေးရဲ့မျက်လုံးထဲကို ပိုးဝင်ပြီး မျက်မြှေးရောင်ကာ မျက်စိနာတတ်တယ်။ ဒါက ပြင်းထန်တဲ့ အခြေအနေဖြစ်တာကြောင့် မျက်စိဆရာဝန်နဲ့မပြဖြစ်ရင်တောင် နီးစပ်ရာဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။ ဒါက ပဋိဇီဝမျက်စဉ်းဆေးကို သေသေချာချာထည့်ရင် ပျောက်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top