Healthy Life Ad
International

အရိုး ၈ ကြိမ်ကျိုးဖူးသော်လည်း နာကျင်သောဝေဒနာကို မသိသည့်ကလေး

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှ အသက် ၈ နှစ်အရွယ် တိုင်လာရီဆက်ဂျန်ဟာ ခေါင်းကွဲ၊ ခြေချင်းဝတ်၊ ခြေထောက်တို့ ကျိုးဖူးသလို မီးလောင်ကျွမ်းခံရဖူးပါတယ်။ မတော်တဆခဏခဏဖြစ်ဖူးတဲ့ တိုင်လာဟာ ဆေးရုံ ၂၇ ကြိ်မ်တက်ဖူးပေမယ့် သူ့မှာနာကျင်တဲ့ဝေဒနာကို မခံစားရပါဘူး။ ကလေးမှာ ဦးနှောက်က နာကျင်တာကိုဘာသာပြန်နိုင်တဲ့ လုပ်ဆောင်ချက်ချို့ယွင်းတဲ့ ရောဂါခံစားနေရကြောင်းသိရပါတယ်။ ဒဏ်ရာတစ်ခါရတိုင်း ကလေးဟာ မျက်နှာတစ်ချက်မရှုံ့ကြောင်း မိခင်ဖြစ်သူက ပြောပါတယ်။ လူတွေက ဒီလိုနာကျင်တာမသိတာကို ကောင်းတယ်ထင်နေကြပေမယ့် ရောဂါကအသက်အန္တရာယ်ရှိကြောင်း မိခင်ကရှင်းပြပါတယ်။

တိုင်လာဟာ မကြာခင်က ကလေးကစားပွဲတစ်ခုကို သွားရောက်ဆော့ကစားခဲ့ပြီး သုံးပတ်အကြာမှ ကလေးရဲ့ခြေထောက် ရှစ်နေရာကျိုးနေကြောင်း မိဘတွေကသိရှိခဲ့ရပြီး ဆေးရုံပြေးခဲ့ရပါတယ်။ တိုင်လာဟာ ထိခိုက်ဒဏ်ရာရမှု အလွယ်တကူဖြစ်တတ်တာကြောင့် သူ့ကျောင်းက အားကစားလုပ်ခွင့်ပိတ်ပင်ထားပါတယ်။ အိမ်မှာ ဓာတ်လိုက်စေနိုင်တဲ့နေရာတွေ၊ အန္တရာယ်ရှိတဲ့ပစ္စည်းတွေနဲ့ တိုင်လာမဆော့အောင် သေချာစောင့်ကြည့်ရတယ်လို့ သိရပါတယ်။ ကလေးမှာ နာကျင်တဲ့ခံစားချက်မရှိတာကြောင့် ထိခိုက်ဒဏ်ရာရတာမရှိရအောင် သတိထားစောင့်ကြည့်နေရကြောင်း မိခင်ဖြစ်သူက ရှင်းပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top