Healthy Life Ad
Q & A

သွေးပေါင်ချိန်ရင်အတက်အကျ ဘယ်လိုသိနိုင်သလဲ . . .

မေး. သွေးပေါင်ချိန်ရင် အတက်အကျ ဘယ်လိုကြည့်ရသလဲရှင်။ ပုံမှန်က ဘယ်လောက်ရှိရတာလဲရှင်။
Hnin Yatanar (FB)

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သွေးတိုးတယ်ဆိုတာ သွေးပေါင်က ၁၄၀/၉၀ mmHg နဲ့ အထက်ရှိရင် သွေးတိုးတယ်လို့ခေါ်ပါတယ်။ အဲဒီမှာတောင် ဆေးရုံ၊ ဆေးခန်းမှာချိန်တဲ့ သွေးဖိအားနဲ့အိမ်မှာချိန်တဲ့ သွေးဖိအားကမတူပါဘူး။ ဆေးရုံ၊ ဆေးခန်းတွေမှာ ချိန်လို့ ၁၄၀/၉၀ mmHg ကျော်ရင် သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။ အိမ်မှာ ချိန်တယ်ဆိုရင်တော့ ၁၃၅/၈၅ mmHg ကျော်မှ သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။ အနည်းဆုံး သုံးခါချိန်ကြည့်လို့ တကယ်တက်မှ သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။ သွေးပေါင်ကျတယ်ဆိုတာက လည်းယေဘုယျအားဖြင့် ၉၀/၆၀ mmHg အောက်လျော့ရင် သွေးပေါင်ကျတယ်လို့ သတ်မှတ်ပါတယ်။ အဲဒီကြားပမာဏကိုတော့ သွေးဖိအားပုံမှန်လို့သတ်မှတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top