Healthy Life Ad
Health Tips

၀မ်းဗိုက်အမြန်ချပ်ရပ်စေမည့် အိမ်သုံးပစ္စည်းလေးမျိုး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကျန်းမာရေးကို လုံးဝမထိခိုက်ဘဲနဲ့ ဗိုက်ပူတာကျစေမယ့် အလွယ်နည်းကို မျှဝေလိုက်ပါတယ်။

လိုအပ်သော အိမ်သုံးပစ္စည်းများ

(၁) အရွက်ဖားဖား တရုတ်နံနံပင်တစ်ပင်

(၂) သခွားသီးအလတ်စားတစ်လုံး

(၃) တရုတ်နံနံကြီး ပင်စည်တစ်ပင်

(၄) နာနတ်သီးစိတ် သုံးစိတ်

ပြုလုပ်နည်း

နာနတ်သီးကိုအခွံနွှာပါ။ တခြားဟင်းသီးဟင်းရွက်သုံးမျိုးကို ရေစင်အောင်ဆေးပါ။ ပြီးရင်မွှေစက်ထဲ အားလုံးထည့်ကာကြိတ်ပါ။ ဆား၊ ငရုတ်ကောင်း၊ သကြား ဘာဆိုဘာမှမထည့်ပါနဲ့။ အာနိသင်မဆုံးရှုံးစေဖို့ မွှေစက်ထဲထည့်မွှေပြီး ရလာတဲ့ဖျော်ရည်ကို အချိန် ၁၅ မိနစ်အတွင်းမှာ သောက်သင့်ပါတယ်။ မနက်ခင်းမှာသောက်ပေးရင် ပိုကောင်းပါတယ်။

ကောင်းကျိုးများ

(၁) တရုတ်နံနံပင်က ကယ်လိုရီနည်းပါးတဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပြီး ၁၀ဝဂရမ်မှာ ၁၆ ကယ်လိုရီပဲ ပါဝင်ပါတယ်။ အမျှင်ဓာတ်ပါတဲ့အတွက် အစာအိမ်ထဲမှာဖောင်းလာပြီး စိတ်ကျေနပ်မှု ရရှိစေပါတယ်။

(၂) တရုတ်နံနံလိုပဲ သခွားသီးမှာလည်း အမျှင်ဓာတ်အများအပြားပါဝင်ပြီး ကယ်လိုရီကနည်းပါတယ်။ သခွားသီးရဲ့ ၉၅ ရာခိုင်နှုန်းက ရေတွေဖြစ်လို့ ကိုယ်အလေးချိန်ထိန်းပေးတာပါ။

(၃) တရုတ်နံနံကြီးပင်စည်မှာ အမျှင်ဓာတ်အများအပြားပါဝင်ပြီး သဘာဝဆီးသွားစေတဲ့အစွမ်း အနည်းငယ်ရှိပါတယ်။

(၄) နာနတ်သီး ၁၀ဝဂရမ်မှာ မပျော်ဝင်တဲ့အမျှင်ဓာတ် တစ်ဂရမ်ပါဝင်ပါတယ်။ နာနတ်သီးက ချိုမြိန်ရင် ဖျော်ရည်အရသာ တိုးစေပါတယ်။

မှတ်ချက်။ ။ လေ့ကျင့်ခန်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာတွဲဖက်ရင် ရလဒ်ကိုတစ်ပတ်အတွင်း မြင်တွေ့ရပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top