Healthy Life Ad
Health Tips

အာလူးချောင်းကြော် လျှော့စားသင့်သည့် အကြောင်းရင်း သုံးရပ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အာလူးချောင်းကြော်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာမဟုတ်ပါဘူး။ အာလူးချောင်းကြော်ကို အများကြီးစားမိရင် ကျန်းမာရေးဆိုးကျိုးတွေရရှိနိုင်တာကြောင့် တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။

(၁) မကောင်းသော အဆီများ ပါဝင်ခြင်း
အာလူးချောင်းကြော်ထဲမှာ ပြည့်ဝဆီပါဝင်တာကြောင့် ကင်ဆာ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတို့လို ရောဂါတွေဖြစ်စေနိုင်ပါတယ်။ ပြည့်ဝဆီ ဒါမှမဟုတ် မကောင်းတဲ့ဆီဟာ သွေးကြောတွေကို ပိတ်ဆို့စေနိုင်ပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို မြင့်တက်စေနိုင်ပါတယ်။ ပြည့်ဝဆီက သွေးလှည့် ပတ်မှုစနစ်ထဲက ထရိုင်ဂလစ်စရိုက်အဆင့်ကိုလည်း မြင့်တက်စေနိုင်တဲ့အပြင် သွေးခဲကပ်ငြိကာ အောက် ဆီဂျင်နဲ့အာဟာရဓာတ်တွေ ထောက်ပံ့မှု ပြတ်လပ်သွားစေနိုင်ပါတယ်။ အဲဒီအခါ လေဖြတ်တာနဲ့ နှလုံးရောဂါအမောဖောက်တာ (Heart Attack) ဖြစ်နိုင်ခြေများပါတယ်။

(၂) အဆိုးဆုံး ကာဗိုဟိုက်ဒရိတ်ဖြစ်သွားခြင်း
အာလူးက သင့်ကျန်းမာရေးအတွက် ကောင်းပေမယ့် အာလူးကြော်အဖြစ် ပြောင်းလဲပြင်ဆင်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်အဖြစ် အလွယ်တကူ ပြောင်းလဲသွားနိုင်သလို အဆီအဖြစ် သိုလှောင်ထိန်းသိမ်းထားပါတယ်။ ဒီလို အာလူးအမျိုးအစားကိုစားတာကြောင့် ကိုယ်အလေးချိန် အလွယ်တကူ မြင့်တက်စေနိုင်ပါတယ်။

(၃) ထရန့်စ်ဖက်စ် ပါဝင်ခြင်း
အာလူးချောင်းကြော်က အလွန်အရသာရှိပေမယ့် အာလူးချောင်းကြော်ထဲမှာ ပါဝင်တဲ့ ထရန့်စ်ဖက်စ်ကတော့ နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချိုရောဂါတွေအတွက် အဓိကအန္တရာယ်ပါ။ ထိခိုက်နေတဲ့ အဆီတွေက ခန္ဓာကိုယ်ထဲမှာ ကင်ဆာသဖွယ် ပြုမူတတ်ပါတယ်။ အာလူးချောင်းကြော်မှာ ကင်ဆာဖြစ်စေတဲ့ Acrylamide ပါဝင်တာကြောင့် များများစားရင် ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top