Healthy Life Ad
International

အလုပ်အင်တာဗျူးအဆင်ပြေရန် တရုတ်ကျောင်းသားများ မျက်နှာခွဲစိတ်ပြုပြင်မှုမြင့်မားလာ

၊ မိုးမင်းထွန်း ၊

အလုပ်အင်တာဗျူးတွေမှာ အဆင်ပြေဖို့အတွက် တရုတ်ကျောင်းသားတွေ မျက်နှာခွဲစိတ်မှု ပို မိုပြုလုပ်လာကြကြောင်း သိရပါတယ်။ဘွဲ့ယူခါနီးအချိန်ရောက်လာတဲ့အခါ ဆေးရုံ၊ ဆေးခန်းတွေမှာ မျက်နှာခွဲစိတ်ပြုပြင်တဲ့ ကျောင်းသားတွေ စုပုံနေပြီး အထူးသဖြင့် ကျောင်းသူတွေ ပိုမိုပြုလုပ်ကြကာ ရာခိုင်နှုန်းအားဖြင့် ၂၀ဝ ရာခိုင်နှုန်းကျော် ပိုများလာကြောင်း China New Service က ဆိုပါတယ်။ ငယ်ရွယ်တဲ့ အမျိုးသမီးတွေနဲ့ အမျိုးသားတချို့က မျက်နှာခွဲစိတ်ပြုပြင်တာကြောင့် လုပ်ငန်းခွင်နဲ့ အချစ်ရေးမှာ ပိုမိုအဆင်ပြေလာမယ်လို့ ယုံကြည်ထားကြပါတယ်။

ပလတ်စတစ်ဆာဂျရီလုပ်တာက ကြောက်စရာကောင်းတယ်လို့ လူတွေထင်ထားပေမယ့် တကယ့် တကယ်မှာတော့ လွယ်လွယ်ကူကူလုပ်နိုင်ပြီး မိသားစုဘဝတည်ဆောက်ဖို့နဲ့ အလုပ်အကိုင်ကောင်းရဖို့ ရင်းနှီးမြုပ်နှံတာပဲဖြစ်ကြောင်း ခွဲစိတ်ပြုပြင်ထားသူ ကျောင်းသားတစ်ယောက်က ပြောပြပါတယ်။ မျက် နှာပုံပန်းလှပစေသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေတယ်လို့ဆိုပါတယ်။ တီယန်ဂျင်းဆေးရုံမှ ပ လတ်စတစ်ဆာဂျရီဒါရိုက်တာ လျူရှောင်ဖေးက ကျောင်းသားတွေက Botox ထိုးတာ၊ မျက်နှာပင့်တင်တာလို အသေးစားခွဲစိတ်မှုပြုလုပ်တာများကြောင်း ပြောပြပါတယ်။ အလယ်တန်း၊ အထက်တန်း ကျောင်းသားဘဝကတည်းက မိဘတွေမျက်နှာပြုပြင်တာကို အတုမြင်အတတ်သင်ခဲ့တာရဲ့ အကျိုးဆက် ကြောင့် မျက်နှာခွဲစိတ်ပြုပြင်တဲ့ ဖက်ရှင်ရေပန်းစားလာတာ ဖြစ်ပုံရကြောင်း ပညာရှင်တွေက ယူဆနေ ကြပါတယ်။
(Ref;SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top