Healthy Life Ad
Q & A

မျက်နှာတစ်ပြင်လုံး နာကျင်နေပါတယ် . . .

မေး. မျက်နှာတစ်ပြင်လုံး နာကျင်နေရင် ဘယ်လိုလုပ်ရမလဲသိချင်လို့ပါ။ နေပူထဲထွက်ပြီး အလုပ်လုပ်တဲ့သူမဟုတ်ပါဘူး။ မျက်နှာကို တစ်ပတ်တစ်ခါ သနပ်ခါးလိမ်းတာကလွဲလို့ ဘာအလှကုန်ပစ္စည်းမှ မသုံးပါဘူး။ ဘာဖြစ်လို့ပါလဲ။
Lwin Lwin (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. နေပူလောင်တာမျိုးကြောင့်မဟုတ်ဘဲ မျက်နှာတစ်ပြင်လုံးနာကျင်နေရင် သွားနဲ့ခံတွင်းဆိုင်ရာရောဂါတွေ အရေပြားအနာဖြစ်တာတွေ မျက်စိဆိုင်ရာရောဂါ၊ နား၊ နှာခေါင်းဆိုင်ရာရောဂါနဲ့ နှလုံးဆိုင်ရာ ရောဂါတွေဓာတ်မတည့်မှုတွေကြောင့် ဖြစ်တတ်ပါတယ်။ မျက်နှာသစ်ဆပ်ပြာ၊ မျက်နှာသုတ်ပုဝါ စတာတွေကို ပြောင်းသုံးကြည့်ပါ။ မသက်သာရင် ဆေးခန်းပြစေလိုပါတယ်။ သေချာစွာစစ်ဆေးမှ သိနိုင်မှာမို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top