Healthy Life Ad
Life Style

ရေကူးခြင်း၏ အစွမ်း

နွေရာသီမှာ ကလေးတွေသာမက လူကြီးတွေလည်း ရေကူးကြပါတယ်။ ရေကူးတာကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက အများကြီးပါ။

– ရေကူးတာက ခန္ဓာကိုယ်ရဲ့ အရိုးတည်ဆောက်ပုံစနစ်ပေါ်မှာ သိသာတဲ့ သက်ရောက်မှု မရှိ ဘဲတစ်ကိုယ်လုံးကို ကျန်းမာစေပါတယ်။

– ရေကူးတာကြောင့် ကိုယ်နေဟန်၊ ခန္ဓာကိုယ် အနေအထား၊ ပျော့ပျောင်းသန်စွမ်းမှုတို့ကို ပိုကောင်းစေပါတယ်။

– ရေကူးတာကြောင့် တစ်ကိုယ်လုံးရှိကြွက်သားအားလုံးနီးပါးကို သန်စွမ်းစေပါတယ်။

– ရေကူးတာကြောင့် ပန်းနာရင်ကျပ်ရောဂါ ဝေဒနာကိုသက်သာစေပြီး ဆီးချိုရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။

– ရေကူးတာကြောင့် နှလုံးကျန်းမာစေပါတယ်။

– ရေကူးတာကြောင့် အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်ပြီး အသက်ရှည်စေပါတယ်။

– ရေကူးတာကြောင့် စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေပါတယ်။

– ရေကူးတာကြောင့် ခန္ဓာကိုယ်ကနေ အန်ဒေါ်ဖင်ဟော်မုန်းထွက်ရှိစေပြီး သင့်ကို ပျော်ရွှင်စေပါတယ်။

– ရေကူးတာကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည် မှုတိုးစေပါတယ်။

– ရေကူးတာကြောင့် အမောခံနိုင်ပြီး သက်လုံကောင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top