Healthy Life Ad
Life Style

ရင်သား စမ်းကြည့်ဖို့ သူငယ်ချင်း သတိပေးရာကတွေ့တဲ့ကင်ဆာကို ၂၈ နှစ်အရွယ်မှာ ကုသအောင်မြင်ခဲ့သူ မထက်သဉ္ဇာလှိုင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အသက်၂၈ နှစ်အရွယ် ထက်သဉ္ဇာလှိုင်သည် အထည်ချုပ်စက်ရုံတစ်ခုတွင်စာရေးအဖြစ် တက်ကြွပျော်ရွှင်စွာ အလုပ်လုပ်ကိုင်နေသူဖြစ်သည်။ ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ရင်သားအကျိတ် ခွဲစိတ်သော သူငယ်ချင်းတစ်ဦးက သူ့ကို မိမိဘာသာ ရင်သားစမ်းသပ်ကြည့်ရန် တိုက်တွန်းခဲ့သည်။

“သူငယ်ချင်းတစ်ယောက်က ရင်သားမှာ အကျိတ်တွေ့လို့ဆိုပြီး အကျိတ်ခွဲရတယ်။ ပထမတစ်ခါ ခွဲတော့လည်း ရိုးရိုးအကျိတ်ပဲ၊ နောက်တစ်ခါ ထပ်ခွဲတော့လည်း ရိုးရိုးအကျိတ်ပဲ . . သူက “နင်တို့ လည်း ကိုယ့်ဟာကိုယ်စမ်းကြည့်ကြဦး”ဆိုပြီး ပြောတာနဲ့ သူခွဲတဲ့ရက်မှာပဲ ညီမတို့လည်း စမ်းကြည့်လိုက်တာ။ ညီမရဲ့ ဘယ်ဘက်ရင်သားမှာ စမ်းစမ်းချင်း အကျိတ်လေးတွေ့တယ်။

အကျိတ်တွေ့တာနဲ့ နီးစပ်ရာ ဆေးခန်းမှာ ပြလိုက်တယ်။ ဒီအရွယ်တွေက ကင်ဆာအကျိတ်မဖြစ်တတ်ကြဘူး၊ အဆီကျိတ်ပဲ ဖြစ်တာများတယ်ဆိုပြီး ဆရာမက ဆေးတိုက်လိုက်တယ်။ ရိုးရိုးအဆီကျိတ်ဆိုရင် အဲဒီဆေး သောက်ရုံနဲ့ အကျိတ်ကကြေသွားတယ်လို့ပြောတယ်။ ဒါပေမဲ့ ညီမကျတော့ ဆေး သောက်တာတစ်လကြာတဲ့အထိ အကျိတ်က မကြေသွားဘူး။ အကျိတ်က မပျောက်တဲ့အပြင် နည်းနည်း လေးကြီးလာတယ်။ ဒါနဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးနဲ့ သွားပြဖြစ်ပါတယ်”ဟု ထက်သဉ္ဇာလှိုင်က သူ၏ ရင် သားကင်ဆာ ခရီးလမ်းအစကို ပြန်ပြောင်းပြောပြခဲ့သည်။

ညီမက နဂိုကတည်းက ပိန်ပိန်သေးသေးလေး၊ ညီမကိုယ် အလေးချိန်က ၇၄ ပေါင်ပဲရှိတယ်။ ကင်ဆာသွင်းတဲ့အချိန်မှာ စိတ်ပဲဖြစ်မယ်ထင်တယ်။ အရင်ကတည်းက လူမမာလို နေရတာကို ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်တယ်။ နေမကောင်းပေမယ့် လူမမာလိုမနေဘူး။ အလုပ်မှာဆိုရင် ခွဲစိတ်တယ်၊ ခွဲတဲ့ရက် ၁၀ ရက်ပဲ နားတယ်၊ နောက်နေ့တွေမှာ တောက် လျှောက်အလုပ်ဆင်းတယ်။

၂၀၁၅ ဒီဇင်ဘာလတွင် ထက်သဉ္ဇာလှိုင်သည် ရင်သားအကျိတ်ကို ခွဲထုတ်ပြီး အသားစယူစစ်ဆေးခြင်း (Biopsy)ပြုလုပ်ခဲ့ရာ ရင်သားကင်ဆာဖြစ် ကြောင်း တွေ့ရှိခဲ့ရသည်။

“ရင်သားကင်ဆာဆိုတော့ အရမ်းတုန်လှုပ် သွားတာပေါ့၊ ဒါပေမဲ့ သူငယ်ချင်းဆရာဝန်တစ် ယောက်က အားပေးတယ်။ ‘ဘာမှမဖြစ်ဘူး၊ ရင်သား ကို ခွဲထုတ်လိုက်ရင် အသက်အန္တရာယ်မရှိဘူး’လို့ သူက ပြောတယ်။ ညီမကတော့ ရင်သားတစ်ခုလုံး အကုန်ခွဲမထုတ်ချင်တော့ ငြင်းဆန်တယ်။ အဲဒါနဲ့ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းကို သွားပြီး တိုင်ပင်ခိုင်းတယ်။ အဲဒီက ဆရာမတွေက ‘သမီးရယ်၊ အကုန်လုံး ခွဲထုတ်လိုက်ပါ၊ အသက်အန္တရာယ်ထက် ဘာမှအရေးမကြီးပါဘူး’လို့ ပြောတာနဲ့ အကုန်လုံးခွဲထုတ်ဖို့ သဘောတူလိုက်တာပါ . .”ဟု သူက ဆိုသည်။

ထက်သÍ္ဇာလှိုင်၏ ဘယ်ဘက်ရင်သား တစ်ခုလုံးကို ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူပြီး စစ်ဆေးလိုက်ရာ ရင်သားကင်ဆာ အဆင့် (၁) ဟု သိရှိခဲ့ရ သည်။
“ရွှေရောင်နှင်းဆီက ကင်ဆာဆေးကို ခြောက်ကြိမ်သွင်းခိုင်းပါတယ်။ ဆရာမတွေက “ဆေးတွေ သွင်းတဲ့အချိန်မှာ ကိုယ်ခံအားကောင်းအောင် စားပါ၊ သောက်ပါ၊ အစားအသောက်တွေကို အရမ်းမရှောင်နဲ့၊ ကိုယ်စားချင်တာကိုစား၊ အာဟာရဖြစ်မယ့် အစားအသောက်တွေကိုများများစားလို့ ပြောတယ်။ အဲဒါ့ကြောင့် အစားအသောက်ကိုအရမ်းကြီးမရှောင်ဘူး။ ကင်ဆာဆေးသွင်းတော့လည်း ဆေးအရှိန်ကြောင့် အစားအသောက်ပျက်တာရှိတယ်၊ အဲဒီအချိန်မှာ စားချင်တာကို နည်းနည်းစားလိုက်တယ်၊ ခံတွင်းလိုက်သွားတဲ့အချိန်မှာ ရှောင်သင့်တာကို ရှောင်ပြီး အာဟာရဖြစ်တဲ့ အစားအသောက်တွေကို ရွေးစားပါတယ်”ဟု ထက်သဉ္ဇာလှိုင်က သူ့အတွေ့ အကြုံကို ပြောပြခဲ့သည်။

ယခင်ကတည်းက ကိုယ်အလေးချိန်၇၄ ပေါင်သာရှိပြီး ပိန်ပိန်သေးသေးကိုယ်ဟန်ကြောင့် ကင် ဆာဆေးသွင်းကုသမှုကို ခံနိုင်ရည်မရှိလောက်ဟု ထင်ရသော်လည်း ဆံပင်ကျွတ်ခြင်းမှလွဲ၍ အခြား ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မခံစားခဲ့ရကြောင်း သူက ဆိုသည်။

“ညီမက နဂိုကတည်းက ပိန်ပိန်သေးသေး လေး၊ ညီမကိုယ်အလေးချိန်က ၇၄ ပေါင်ပဲ ရှိတယ်။ ကင်ဆာသွင်းတဲ့အချိန်မှာ စိတ်ပဲ ဖြစ်မယ်ထင်တယ်။ အရင်ကတည်းက လူမမာလိုနေရတာကို ကိုယ့်ကိုယ် ကိုယ် စိတ်ပျက်တယ်။ နေမကောင်းပေမယ့် လူမမာလို မနေဘူး။ အလုပ်မှာဆိုရင် ခွဲစိတ်တယ်၊ ခွဲတဲ့ရက် ၁၀ ရက်ပဲ နားတယ်၊ နောက်နေ့တွေမှာ တောက် လျှောက် အလုပ်ဆင်းတယ်။ ကင်ဆာဆေးသွင်းတော့လည်း ဆေးသွင်းတဲ့ တစ်ရက်-နှစ်ရက်နဲ့ နောက်ထပ် နှစ်ရက်ကလည်း လုံးဝ မထနိုင်လို့ နားတယ်။ လေးရက် နားပြီးတာနဲ့ အလုပ်ပြန်ဆင်းတယ်။

အလုပ်ထဲ ရောက်သွားရင် စိတ်က ပျော်သွားတယ်။ အဲဒီတော့ ရောဂါဘက်ကို စိတ်မရှိတော့ဘူး။ ရောဂါဖြစ်နေတယ်ဆိုတာတောင် မေ့သွားတယ်။ အိမ်မှာကျတော့ ဒါပဲ တွေးစရာရှိတော့ စိတ်ဓာတ်ကျတယ်။ လူနာဆိုတော့ အိမ်ကလည်း ဘာမှမခိုင်းတော့ဒါပဲ တွေးနေမိတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် အလုပ် ကို သွားလုပ်လိုက်တယ်”ဟု သူက ဆိုသည်။

၂၀၁၆ ခုနစ် အောက်တိုဘာလတွင် နောက်ဆုံး အကြိမ် ကင်ဆာဆေးသွင်းပြီးခဲ့ရာ ဘေးထွက်ဆိုး ကျိုးအနေဖြင့် ဆံပင်ကျွတ်ခြင်းသာဖြစ်ခဲ့သော ထက်သဉ္ဇာလှိုင်က ဆရာဝန်များမှာသည့်အတိုင်း အသီးအရွက်များများ စားပြီး အသားကို လျှော့စားဖြစ်နေကြောင်း သိရသည်။

မျိုးရိုးမရှိဘဲ အသက်၂၈နှစ် ငယ်ရွယ်စဉ်မှာပင် ရင်သားကင်ဆာဝေဒနာခံစားခဲ့ရသော ထက်သဉ္ဇာလှိုင်က အစားအသောက်ကိုမျှတစွာ မစားခြင်း ကြောင့်ဖြစ်သည်ဟု ထင်မြင်ယူဆထားသည်။

“ညီမက အသားငါးအရမ်းကြိုက်တယ်၊ အသီးအရွက် မကြိုက်ဘူး၊ အသီးအရွက်စားရင်လည်း များများမစားဘူး၊ ရေသောက်တာလည်း နည်းတယ် . .၊ ဒါကြောင့်ဖြစ်တယ်လို့ ထင်တာပဲ”

မင်္ဂလာဒုံ၊ ပေါက်ကုန်းတွင် မိသားစုနှင့်အတူ နေထိုင်သည့် ထက်သဉ္ဇာလှိုင်၏ ရင်သားကင်ဆာကု သမှုခရီးလမ်းတွင် မိသားစု၏ အားပေးထောက်ပံ့မှုက အလွန်အရေးပါကြောင်း သိရသည်။

မြန်မာအမျိုးသမီးအများစုက ရှက်တတ်တယ်လေ၊ ဖြစ်လာ ရင် ဆရာဝန်ပြဖို့မရှက်ပါနဲ့။ ယောကျာ်းလေး ဆရာဝန်ပဲ ဖြစ်ဖြစ်၊ မိန်းကလေးဆရာဝန် ပဲဖြစ်ဖြစ် တကယ်ဖြစ်လာရင် ပြသင့်ပါတယ်။ ညီမတုန်းက သိသိချင်းပြတယ်။ ဒါပေမဲ့ခွဲဖို့ ကျတော့ ရှက်နေတာနဲ့မသွားဘူး။ သူငယ်ချင်းတွေက ဝိုင်းပြီး ခွဲစိတ်ဖို့တွေ စီစဉ်ပေးကြတာ . . သူငယ်ချင်းကောင်း တွေကြောင့်လည်း ကုသဖြစ် ခဲ့တာပါ . . .

“မိသားစုရဲ့ အားပေးမှုသာ မရှိခဲ့ရင် ဆေးကု ဖို့တောင် ဖြစ်လာမှာ မဟုတ်ပါဘူး။ မေမေဆိုရင် ညီမဆေးကုတဲ့နောက် တောက်လျှောက်လိုက်ပြီး ပြုစုပေးခဲ့တာ။ အဘွားကဆို ထမင်းဟင်းချက်ပေးတယ်။ သူတို့သာမရှိရင် ဆေးကုဖို့ ဖြစ်လာမှာတောင် မဟုတ်ပါဘူး။ ပြီးတော့ သူငယ်ချင်းတွေရဲ့ အားကြောင့်လည်း ပါတယ်။
မြန်မာအမျိုးသမီးအများစုက ရှက်တတ်တယ်လေ၊ ဖြစ်လာရင် ဆရာဝန်ပြဖို့ မရှက်ပါနဲ့။ ယောကျာ်းလေး ဆရာဝန်ပဲဖြစ်ဖြစ်၊ မိန်းကလေး ဆရာဝန်ပဲဖြစ်ဖြစ် တကယ်ဖြစ်လာရင်ပြသင့်ပါတယ်။ ညီမ တုန်းကသိသိချင်းပြတယ်။ ဒါပေမဲ့ ခွဲဖို့ကျတော့ ရှက်နေတာနဲ့ မသွားဘူး။ သူငယ်ချင်းတွေက ဝိုင်းပြီး ခွဲ စိတ်ဖို့တွေစီစဉ်ပေးကြတာ . . သူငယ်ချင်းကောင်း တွေကြောင့်လည်း ကုသဖြစ်ခဲ့တာပါ”

ဘွဲ့ရပညာတတ်ဖြစ်ပြီး စာဖတ်ဝါသနာပါသော ထက်သဉ္ဇာလှိုင်က “ညီမ အရင်က ရင်သားကင်ဆာအကြောင်း စာတွေ ဖတ်ဖူးတယ်၊ ကျန်းမာရေးဂျာ နယ်တွေလည်း ဖတ်တယ်၊ ဒါပေမဲ့ ကိုယ်နဲ့ မဆိုင်သလိုပဲ . . ကိုယ်ဖြစ်လာမှ အရမ်းတုန်လှုပ်သွားတာ” ဟု ရောဂါဖြစ်စဉ်က သူ့ခံစားချက်ကို ပြောပြရင်း
“ရောဂါတွေကို ကိုယ်နဲ့ မဆိုင်ဘူးလို့ မနေသင့်ဘူး။ ကြိုတင်စမ်းသပ်မှုတွေ ပြုလုပ်သင့်တယ်လို့ ထင်ပါတယ်။ ဖြစ်လာမှ သိတာထက် ကြိုတင်ကာ ကွယ်ဖို့အရေးကြီးပါတယ်”ဟု အခြားသူများကို မျှဝေထားပါသည်။

ယခုအခါ ဆရာဝန်ချိန်းဆိုချက်အတိုင်း နှစ်လ -သုံးလတစ်ခါ မှန်မှန်ပြသပြီး ကိုယ့်ကိုယ်ကိုယ် ကျန်းမာရေးစောင့်ရှောက်ရမည်ဆိုသည့် အသိရှိ သွားသော ထက်သဉ္ဇာလှိုင်က ကင်ဆာဝေဒနာရှင်တို့အား-

“တကယ် ရောဂါဖြစ်လာရင် မကြောက်ပါနဲ့၊ ကုသပါ . . ကင်ဆာဖြစ်လာလို့ စိတ်ဓာတ်ကျသွားရင် အဲဒါက ကိုယ့်ကို တစ်ဝက်သတ်လိုက်သလိုပဲ။ စိတ်ဓာတ်မကျဘဲ ကိုယ့်ကိုယ်ကိုယ် အားပေးမယ်ဆိုရင်၊ ကိုယ့်မိသားစုအသိုင်းအဝန်းကလည်း အားပေးတယ် ဆိုရင် ရောဂါတစ်ဝက်သက်သာပါတယ်”ဟု သူ့ အတွေ့အကြုံအရ အားပေးစကားပြောကြားလိုက်ပါသည်။

(ဓာတ်ပုံကို မထက်သဉ္ဇာလှိုင်၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top