Healthy Life Ad
Q & A

စအိုက သွေးထွက်နေတယ် . . .

မေး. ကျွန်တော်က လွန်ခဲ့တဲ့နှစ်နှစ်လောက်က လိပ်ခေါင်းခွဲထားဖူးပါတယ်။ အနာကျက်သွားတာလည်း ကြာပါပြီ။ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက အရက်သောက်ဖြစ်ခဲ့တယ်။ အခုဝမ်းသွားတဲ့အခါ သွေးပါလာလို့ပါ။ ဘာဖြစ်လို့ပါလဲ၊ ဘာလုပ်သင့်ပါသလဲ၊ ဘာဆေးသောက်သင့်ပါသလဲဆရာ။
ကိုဇော် (FB)

ဒေါက်တာမြတ်ထွဋ်ညွှန့်မှ ဖြေကြားသည်။

ဖြေ. ဝမ်းသွားတဲ့အခါ သွေးပါလာရတဲ့အကြောင်းရင်းခံ များစွာရှိပါတယ်။ လိပ်ခေါင်းသွေးယိုတာလည်း ဖြစ်နိုင်သလို၊ စအိုကွဲတာမျိုးတွေ၊ အစာဟောင်းအိမ်အနာဖြစ်တာမျိုးတွေ၊ အူလမ်းကြောင်းဆိုင်ရာ တချို့ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ လိပ်ခေါင်းကြောင့်ဆိုရင် သိပ်စိုးရိမ်စရာမဟုတ်လှပေမယ့် တခြားအကြောင်းတွေကြောင့်ဆိုရင် အရေးကြီးတတ်ပါတယ်။ အသေးစိတ်သိရှိဖို့လိုအပ်တဲ့အတွက် နီးစပ်ရာဆေးရုံ၊ ဆေးခန်းမှာ ပြသဖို့လိုပါတယ်။ မိမိသဘောနဲ့မိမိ ဆေးမသောက်ပါနဲ့။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top