Healthy Life Ad
Life Style

စအိုကွဲနာ(Anal Fissure)

ပါမောက္ခဦးအေးမွန်(ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ စအိုကွဲနာ (Anal Fissure) က ဘာကြောင့် ဖြစ်ရပါသလဲဆရာ။
ဖြေ ။ စအိုကွဲနာဖြစ်ရတဲ့ နံပါတ်တစ်အကြောင်းရင်းက ဖိအား(Pressure) များတာကြောင့်ပါ။ ဝမ်းချုပ်တဲ့အခါမှာ ဝမ်းတအားညှစ်ရတော့ Anal Canal က အမြှေးပါး (Mucosa) ကွဲသွားပြီး ဆိုးတဲ့အဆင့်မှာ ကြွက်သား(Muscle) ပြဲသွားပါတယ်။

ဒုတိယအကြောင်းရင်းကတော့ ပွတ်တိုက်အား (Abrasion) ကြောင့်ပါ။ Anal Canal ရဲ့နောက်က မြီးညောင်ရိုးနဲ့ အရမ်းမာတဲ့မစင်တုံး ပွတ်တိုက်မိရာက ကွဲသွားတာဖြစ်ပါတယ်။ ဝမ်းချုပ်ပြီး ဝမ်းတအားညှစ်ရတဲ့အခါ စအိုကြွက်သားတွေက သွေးမဝတာကြောင့် စအိုကွဲရတာပါ။

မေး ။ စအိုကွဲနာဖြစ်ရင် ကုသမှုခံယူဖို့ လိုအပ်ပါသလား ဆရာ။
ဖြေ ။ စအိုကွဲနာက မပြင်းထန်တဲ့ ဗခကအန ဗညေူ င်္ငျကမန အဆင့်မှာဆိုရင် သူ့ဘာသာသူ ပြန်ကောင်း နိုင်ပါတယ်။ အဲဒီအဆင့်မှာဝမ်းမချုပ်ဘူးဆိုရင် ဘာမှမဖြစ်တော့ပါဘူး။ ဒါပေမဲ့ စအိုကြွက်သားတွေမှာ ရောင်ရမ်းခြင်း (Fibrosis) ဖြစ်သွားရင်တော့ သူ့ဘာသာသူ ပြန်မကောင်းနိုင်တော့ပါဘူး။ အဲဒီအဆင့်ကို နာတာရှည် စအိုကွဲနာ (Chronic Anal Fissure )လို့ ခေါ်ပါတယ်။ အဲဒီအချိန်မှာ ဝမ်းအမြဲချုပ်တော့ ဝမ်းပိုညှစ်ရပါတယ်။ စအိုပိုကွဲနိုင်သလို ဝမ်းသွားပြီးရင်လည်း နာကျင်နေတတ်ပါတယ်။ စအိုကြွက်သားတွေ နာကျင်တောင့်တင်းနေတော့ ဝမ်းသွားရမှာ ကြောက်ပြီး ဝမ်းမသွားကြတော့ပါဘူး။

မေး ။ အဲဒီအချိန်မှာ ဝမ်းမှန်မှန်မသွားရင် ဘာဆက်ဖြစ် နိုင်ပါသလဲဆရာ။
ဖြေ ။ စအိုကွဲနာဖြစ်တဲ့အချိန်မှာ ဝမ်းမှန်မှန်မသွားတော့ဘူးဆိုရင် လိပ်ခေါင်းဖြစ်တတ်ပါတယ်။ စအိုကွဲနာက နေ Infection (ပိုးကူးစက်မှု) ရလွယ်တတ်ပါတယ်။ ဂရင်ဂျီနာဖြစ်တတ်ပါတယ်။ ဝမ်းမသွားတော့ နေလို့ ထိုင်လို့လည်း မကောင်းတော့ပါဘူး။ ဝမ်းသွားရင်လည်း နာနေတတ်တဲ့အတွက် ခွဲစိတ်ကုသမှုခံယူတာ ကအကောင်းဆုံးပါပဲ။

မေး ။ နာတာရှည် စအိုကွဲနာ (Chronic Anal Fissure) ဖြစ်တဲ့အဆင့်မှာ မခွဲစိတ်ချင်ရင် ဘယ်လို ဂရုစိုက်ရမလဲဆရာ။
ဖြေ ။ နာတာရှည် စအိုကွဲနာအဆင့်မှာ မခွဲစိတ်ချင်ရင်တော့ ဝမ်းမချုပ်အောင်နေဖို့လိုပါတယ်။ ဝမ်းကို အတုံးအခဲသွားရင် နာကျင်တတ်တဲ့အတွက် ဝမ်းပျော့ဆေးကို နေ့တိုင်းစားပေးဖို့လိုပါတယ်။ ဝမ်းသွားတဲ့ အချိန်မှာ မနာအောင် စအိုကို ထုံဆေးလိမ်းဆေးလိမ်းခိုင်းကြပါတယ်။ ဒီအဆင့်ရောက်တဲ့အချိန်မှာ ခွဲစိတ်ကုသမှု ခံယူတာကတော့ အကောင်းဆုံးပါပဲ။ မခွဲစိတ်ချင်ရင်တော့ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း၊ အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံစားခြင်းနဲ့ ဝမ်းမှန်မှန်သွားအောင် ဂရုစိုက်ခြင်းဆိုတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံအတိုင်း နေထိုင်ဖို့လိုပါတယ်။

မေး ။ စအိုကွဲနာက ဘယ်အသက်အရွယ်တွေမှာ အဖြစ်များပါသလဲဆရာ။
ဖြေ ။ အသက် ၃၀ ဝန်းကျင် လူလတ်ပိုင်း အရွယ်တွေ မှာ အဖြစ်များပါတယ်။ စိတ်ဖိစီးမှုနဲ့ အထိုင်များတဲ့ အလုပ်အကိုင်တွေကြောင့် ဖြစ်လေ့ရှိပါတယ်။

မေး ။ စအိုကွဲနာမဖြစ်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲဆရာ။
ဖြေ ။

စအိုကွဲနာမဖြစ်ဖို့ဆိုရင် အဓိကအချက်ကတော့ ဝမ်းမချုပ်အောင်နေဖို့ပါပဲ။ ဝမ်းချုပ်ရင်လည်း တအားမညှစ်သင့်ပါဘူး။ စအိုကွဲနာက လိပ်ခေါင်းနဲ့ တွဲဖြစ်တတ်ပါတယ်။ စအိုကွဲနာဖြစ်တဲ့အခါ ဝမ်းသွားရင်နာတော့ ဝမ်းမသွားတော့ဘူး။ အဲဒီအခါ ဝမ်းပိုချုပ်တော့ ညှစ်ပြီး ဝမ်းသွားတဲ့အခါလိပ်ခေါင်းဖြစ်တတ်ပါတယ်။

ဒါကြောင့် ဝမ်းမှန်မှန်သွားဖြစ်အောင် စောစောက ဆရာပြောခဲ့တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံအတိုင်း နေထိုင်ကြဖို့ ပြောလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top