Healthy Life Ad
Life Style

ဆေးလိပ်သောက်ခြင်း၏ ရုပ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ

ဆေးလိပ်သောက်တာကြောင့် ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေထက် ရုပ်ရည်သွင်ပြင်ကို ဘယ်လိုထိခိုက်စေနိုင်တယ်ဆိုတာ သတိပြုမိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

– ဆံပင်၊ လက်သည်း၊ အသားအရေထိခိုက်စေနိုင်
ဆေးလိပ်သောက်တာကြောင့် ဆေးလိပ် သောက် သူရဲ့ဆံပင်၊ လက်သည်းခြေသည်းနဲ့ အသားအရေတို့ကို ချက်ချင်းနွမ်းနယ်ထိခိုက်စေ နိုင်ပါတယ်။

– အိုမင်းလွယ်စေနိုင်
ဆေးလိပ်သောက်တာကြောင့် အစားအရေတင်းရင်းစေတဲ့ ကော်လာဂျင်ကို ထိခိုက်သွားစေပါတယ်။ ကော်လာဂျင်လျော့ကျမှုကြောင့် အသားအ ရေ အိုမင်းနိုင်ပါတယ်။

– အရေးကြောင်း ထင်စေနိုင်
ဆေးရွက်ကြီးထဲက ဓာတုပစ္စည်းတွေကအ သားအရေရဲ့တင်းအားနဲ့သန်စွမ်းမှုရှိစေတဲ့ အရေပြား အမျှင်တွေကိုထိခိုက်စေတဲ့အတွက် အရေးကြောင်း ထင်စေနိုင်ပါတယ်။ ဒါ့အပြင် မျက်အိတ်တွဲကျတာနဲ့ အရွယ်မတိုင်မီ အိုမင်းတာတို့ကို ဖြစ်စေနိုင်သလို ရင်သားကိုလည်း တွဲကျစေပါတယ်။

– စောစော သွေးဆုံးစေနိုင်
ဆေးလိပ်သောက်တာက အမျိုးသမီးတွေမှာစော စောသွေးဆုံးတဲ့ဖြစ်စဉ်နဲ့ ဆက်စပ်မှုရှိနေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top