Healthy Life Ad
Humour

ရိုးရိုးလေးပဲ ပြောလိုက်ပါ

“မိန်းမရေ . . ညနေ ငါ့အတွက် ဝက်သား ဟင်းလေးချက်ပေးထားပါလားကွာ..”

“ဝက်သားတွေစားတာများရင် သွေးထဲမှာ မကောင်းတဲ့အဆီတွေ များတတ်တယ်တဲ့…”

“ဒါဆိုလည်း ကြက်အူချောင်းလေးဖြစ်ဖြစ် ကြော်ပေးပါလား . . .”

“ကြက်အူချောင်းက ကြာကြာခံအောင် ဓာတုပစ္စည်းတွေပါတယ်တဲ့၊ ကျန်းမာရေးနဲ့မညီညွတ်ဘူး ယောကျာ်းရဲ့ . . .”

“ပုဇွန်လေးရောဟင် . . .”

“ပုဇွန်က ရက်အကြာကြီးမခံဘူးရှင့်.. မလတ်ရင်လည်း ဝမ်းပျက်ဝမ်းလျှောတွေဖြစ်ဦးမယ်. . .”

“အေးပါ မိန်းမရယ်… မင်းမချက်ချင်ဘူးဆိုလည်း စားနေကျကန်စွန်းရွက်နဲ့ ကြက်ဥကြော်လေးပဲ စားပါတော့မယ်ကွာ… ငါ့ကို ဒီလို ရောဂါဘယတွေနဲ့တော့မခြိမ်းခြောက်ပါနဲ့ . . . ကြောက်လွန်းလို့ပါ . . .”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top