Healthy Life Ad
Q & A

နွားနို့သောက်ခြင်းနှင့် ဝမ်းချုပ်ခြင်း

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

မေး ။ နွားနို့သောက်ရင် ဝမ်းချုပ်စေနိုင်ပါသလား။ သူများတွေက ဝမ်းမှန်တယ်ပြောပေမယ့် ကျွန်တော်က နွားနို့သောက်ရင် ဝမ်းချုပ်တတ်လို့ပါ။

ဖြေ ။ နွားနို့သောက်တာကြောင့် ဝမ်းမချုပ်စေနိုင်ပါဘူး။ နွားနို့သောက်ရင် ဆားလေးနည်းနည်းထည့်သောက်ပေးပါ။ သကြားမထည့်ပါနဲ့။ ရေကိုများများ သောက်ပေးပါ။ နွားနို့သောက်ရင် ဝမ်းချုပ်တာက Lactose Intolerence ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ နွားနို့သောက်တာက ဝမ်းမှန်စေပါတယ်။ နွားနို့ကို လူကြီးလူငယ်မရွေး သောက်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top