Healthy Life Ad
Q & A

သားအိမ်ထုတ်ပြီးသူတို့ သိချင်တဲ့ မေးခွန်းတွေ

မေး ။ သားအိမ်မှာ အနာဖြစ်ပြီး ခွဲစိတ်ထားရင်ရော ဘယ်လိုများ နေထိုင်သင့်ပါသလဲ။ တစ်ခါတစ်ရံ သားအိမ်ကကိုက်နေလိုပါ။

မေး ။ သားအိမ်ထုတ်ထားတာပါ။ ဒါပေမဲ့ တစ်ခါတစ်ခါဆိုရင် ရာသီလာခါနီးနာသလိုမျိုး တစ်ချက်ချက်နာ တယ်။ ဒါရော ဘယ်လိုနေထိုင်သင့်လဲ၊ ဘာဆေးသောက်ရမလဲ။

မေး ။ သားအိမ်ထုတ်ထားတာ တစ်နှစ်ကျော်ပါပြီ။ ဝိတ်ကျအောင် ကြိုးခုန်လို့ရပါသလား။ ဖြေပေးပါရှင်။

ဒေါက်တာမြတ်ထွဋ်ညွန် မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ သားအိမ်ခွဲထားတာတွေနဲ့ ဆိုင်တဲ့ မေးခွန်းတွေကိုစုဖြေရရင် သားအိမ်ထုတ်ပြီး နောက်ဆက်တွဲ ဘာမှမဖြစ်ရင် ပုံမှန်ကိုယ်လက်လှုပ်ရှားနိုင်ပါတယ်။ သားအိမ်ခွဲစိတ်ထားသူအများစုမှာ ဘာမှထူးထူး ထွေထွေမခံစားရပေမယ့် တချို့မှာတော့ တစ်ခါတလေ နည်းနည်းကိုက်တာမျိုးရှိပါတယ်။ အများအားဖြင့် မစိုးရိမ်ရပါ။ တကယ်လို့ ပိုနာတယ်၊ တခြားလက္ခဏာတစ်ခုခုပါဖြစ်လာတယ်ဆိုရင်တော့ အရင်တုန်းက ဆေးမှတ်တမ်းတွေနဲ့အတူ ဆေးရုံ၊ ဆေးခန်းကို ပြန်ပြသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top