Healthy Life Ad
Q & A

သွေးတိုးလို့ပါ . . .

မေး ။ ကျွန်မရဲ့ အဖေက ၇၂နှစ်၊ အမေက ၆၈နှစ်ပါ။မွန်ပြည်နယ်က ရွာလေးတစ်ရွာမှာ နေကြပါတယ်။ ရွာမှာက အစိုးရခန့် သူနာပြုဆရာမလေးပဲ ရှိပါတယ်။ အတော်နေထိုင်မကောင်းရင် သထုံမြို့ပေါ်က သမားတော်မှာသွားပြကြရပါတယ်။ ဆိုင်ကယ်နဲ့တစ်နာရီခွဲလောက်မောင်းရပါတယ်။ အဖေက သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ရောဂါနဲ့ သွေးအားနည်းရောဂါရှိပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ဆေးသောက်နေတာ နှစ်နှစ်ကျော်ရှိပါပြီ။ အခုတစ်ပတ်အကြာလောက်တုန်းက ဆရာဝန်က အပြင်မှာပဲ ဆေးဝယ်သောက်ခိုင်းပြီး တချို့ဆေးတွေ လျှော့ခိုင်းထားပါတယ်။ ဘာဆေးလျှော့ခိုင်းတာလည်းတော့ မသိပါဘူး။ ကျွန်မက အဝေးမှာ အလုပ်လုပ်နေရလို့ပါ။ ဒီနေ့ သွေးပေါင်က ၁၄၀ ကျော်ထိ တိုးနေတယ်တဲ့။ အစားလည်းအသားတု၊ အာလူးပဲ စားမိပါတယ်တဲ့၊ အဖေ့အတွက် ဘယ်လိုကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးသင့်ပါသလဲရှင့်။
အမေကတော့ သွေးပေါင်ချိန် ၁၂၀ ကျော်ရှိပါတယ်။ ရင့်ပြည့်သလိုဖြစ်နေတာ မသက်သာဘူး၊ မနက်ဆို ခြေလက်တွေ အေးနေတယ်ပြောပါတယ် ဘာဖြစ်တာပါလဲရှင်စိတ်ပူလို့ပါ။
Nang Apple (Fb)

ဒေါက်တာမြတ်ထွဋ်ညွန့် မှ ပြန်လည်ဖြေကြားပေးသည်။
ဖြေ ။ အသားတုစတာတွေ၊ အချိုမှုန့်၊ အသားမှုန့် ဟင်းခတ်မှုန့်တွေမှာ ဆိုဒီယမ်ဆားဓာတ်တွေပါပါတယ်။ အဲ့ဒါတွေ အစားများရင် သွေးတိုးနိုင်ပါတယ်။ သဘာဝ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်အစုံစားပါ။ ငန်တဲ့ စားစရာရှောင်ပါ။ ဖြစ်နိုင်ရင် သာမန်အိမ်သုံးဆားအစား ပိုတက်စီယမ်ဆားကို သုံးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top