Healthy Life Ad
Health Tips

ရှားစောင်းလက်ပပ်ဖြင့် ကုနိုင်သည့် အိမ်တွင်းကုထုံးများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ရှားစောင်းလက်ပပ်က ဘယ်လိုထိ ထိရောက်ရောက် အသုံးဝင်တယ်ဆိုတာ အတိအကျမပြောနိုင်သေးပေမယ့် ရောင် ရမ်းမှုလျော့ကျစေတဲ့ ဒြပ်ပေါင်းတွေနဲ့ နာကျင်မှုသက်သာစေတဲ့ ဓာတ်တွေပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်မှာပါတဲ့ မဂ္ဂနီဆီယမ်လက်တိတ်ဟာ ယားယံမှုကို သက်သာစေပြီး သွေးကြောတွေကို ကျယ်စေတဲ့နည်းနဲ့ အနာကျက်နှုန်းကို မြန်စေပါတယ်။

(၁) အပူလောင်နာ
အပူလောင်တဲ့ဒဏ်ရာပေါ်မှာ ရှားစောင်းလက်ပပ်ဂျဲလ်အနှစ်ကို သုတ်လိမ်းပေးတာကြောင့် နာကျင်မှုကို လျော့ကျစေ ပြီး အရေပြားကိုစိုပြည်စေကာ ပိုးမွှားကပ်ငြိမှုလျော့နည်းအောင် ကူညီပေးပါတယ်။ နေလောင်ဒဏ်ရာကြောင့် အရေပြားနာကျင်မှုကိုလည်း သက်သာစေပါတယ်။ နေလောင်ဒဏ်ရာရာချိန်မှာ ကြက်သီးနွေး ရေထည့်ထားတဲ့ ချိုးရေထဲကို ရှားစောင်း လက်ပပ်အနှစ်ရည် တစ်ခွက်-နှစ်ခွက် ခန့်ထည့်ပြီး စိမ်ပေးရမှာ ဖြစ်ပါတယ်။

(၂) ပြတ်ရှဒဏ်ရာ
ရှားစောင်းလက်ပပ်ဂျဲလ်တွေကို ပြတ်ရှရာပေါ်မှာ သုတ်လိမ်းပေးရင် အနာကျက်နှုန်းကို မြန်ဆန်စေပါတယ်။ ဒါပေမဲ့ ပြင်းထန်ဆိုးရွားတဲ့ အနာတွေအတွက် ကောင်းမွန်တဲ့ရွေးချယ်မှုတော့ မဟုတ်ပါဘူး။ ရှားစောင်းလက်ပပ်ဂျဲလ်အနှစ်ရည်လိမ်းလိုက်ရင် အနာကျက်နှုန်းများတယ် လို့လော့စ်အင်ဂျလိစ် သုတေသီတွေက ဆိုပါတယ်။

(၃) ဆိုးရီးယေးစစ်အနာ
ရှားစောင်းလက်ပပ်ဂျဲလ် အနှစ်ရည်ကို ယားယံနေတဲ့အရေပြားပေါ် သုတ်လိမ်းပေးရင် ရောင်ရမ်းမှုကို လျော့ကျစေ ပြီး အရေပြား စိုပြည်နူးညံ့စေပါတယ်။ လေးပတ်ကြာ လေ့လာမှုတစ်ရပ်အရ ရှားစောင်းလက်ပပ်အသုံးပြုသူတွေက အရေပြားအနာကင်းပြီး ကြည်လင်သန့်စင်နိုင်ခြေ ၈၃ ရာခိုင်နှုန်းရှိပြီး ခရင်မ် လိမ်းသူတွေက အရေပြားအနာကင်းနိုင်ခြေ ၆ရာခိုင်နှုန်းပဲရှိကြောင်း သိရပါတယ်။

(၄) ဝက်ခြံဖု
ဝက်ခြံအဖုအပိမ့်တွေပေါ်မှာ ရှားစောင်းလက်ပပ်အနှစ်ရည်ကို လိမ်းပေးပါ။ လေ့လာမှုတစ်ရပ်အရ ရှားစောင်း လက်ပပ်သုံးတဲ့ ငါးရက်တာကာလအတွင်း အရေပြားအဖုအပိမ့် အနာကျက်နိုင်ခြေ နှစ်ဆနီးပါး ပိုများကြောင်း သိရပါတယ်။

(၅) ရေယုန်
ရေယုန်ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အရေပြားအနာပေါ်မှာ ရှားစောင်းလက်ပပ် အနှစ်သား သုတ်လိမ်းပေးတာကြောင့် မြန်မြန် အနာကျက်နိုင်ခြေရှိပါတယ်။ ရှားစောင်းလက်ပပ်အနှစ်သားမှာ ဗိုင်းရပ်စ် တားအာနိသင်ရှိတဲ့အပြင် သွေးကြောငယ်တွေကိုကျယ်စေပြီး သွေးရောက်ရှိမှုများကာ အနာကျက်နှုန်းမြင့်တက်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top