၊ မိုးမင်းထွန်း ၊
ဦးခေါင်းခွံမပါ၊ မျက်နှာနှစ်ခြမ်းကွဲနေပြီး မွေးဖွားလာတဲ့ သနားစရာကလေးငယ်လေးကို ထိုင်း ဘုန်းတော်ကြီးတစ်ပါးက စောင့်ရှောက်ထားပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းမှ အသက် ၈လအရွယ် နူရာဖိုင်ဟာက အရေးပေါ်အကူအညီများစွာလိုအပ်နေပါတယ်။
မွေးရာပါချို့ယွင်းချက်တွေကြောင့် ကလေးငယ်ဟာ ပုံမှန်နို့မစို့နိုင်ဘဲအစာပြွန်က တစ်ဆင့်သာ အာဟာရတိုက်ကျွေးနေရပါတယ်။ ကလေးငယ်ရဲ့အကြောင်းဟာ လူမှုမီဒီယာတွေမှာ နာမည်ကြီးနေပြီး ဘန်ကောက်မှ နာမည်ကြီးဘုန်းတော်ကြီးဘဟင် ဦးဆောင်တဲ့လူမှုကူညီရေးအသင်းက ကလေးငယ်ဆေးကုဖို့ အလှူငွေရှာဖွေနေကြပါတယ်။ ထိုင်းနိုင်ငံမှာ နာမည်ကြီးတဲ့ ဒီလူမှုရေးအဖွဲ့ဟာ အကူအညီလိုအပ်တဲ့ ဆင်းရဲသားမိသားစုတွေအတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေရရှိအောင် တည်ထောင်ထားတာဖြစ်ပါတယ်။
ကလေးငယ် နူရာဖိုင်ဟာတို့ မိသားစုမှာ မွေးချင်း ၅ယောက်ရှိပြီး စက်ရုံဝန်ထမ်းဖခင်ရဲ့အလယ် အလတ်ဝင်ငွေသာရှိတာကြောင့် ကလေးကျောင်း စရိတ်၊ မိသားစု စားဝတ်နေရေးတို့အတွက် မိသား စုဟာဆင်းရဲကျပ်တည်းလှပါတယ်။
နူရာရဲ့အခြေအနေဟာ ပုံမှန်ဆေးကုသဖို့ လိုအပ်နေပြီး အနာဂတ်မှာ ခွဲစိတ်မှုမြောက်မြားစွာ ပြုလုပ်ရဖို့ရှိနေပါတယ်။ လူမှုရေးအဖွဲ့ရဲ့ ရံပုံငွေတွေအပြင်ဘုန်းတော် ကြီးဘဟင်ရဲ့ဖေ့စ်ဘွတ်ခ်မှာ ငွေလှူဒါန်းဖို့လှုံ့ဆော်မှုတွေကြောင့် လောလောဆယ်အလှူငွေ ထိုင်းဘတ် ၂၀ဝ၀ဝ၀ရရှိနေပြီ ဖြစ်ကြောင်းသိရပါတယ်။
(Ref; MR)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)