Healthy Life Ad
News

သံဃာတော်များအတွက် သီးခြားကုသနိုင်ရန် ယခင်ကတည်းက စီစဉ်ထားရှိကြောင်း ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးပြော

———၊ ဟန်တိုးစံ ၊———

သံဃာတော်တွေ ကိုဗစ်-၁၉ ကူးစက်ခံရပါက သီးခြားသီတင်းသုံး ကုသနိုင်ဖို့ အရင်ထဲက နေရာထိုင်ခင်း စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဌ ၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက စက်တင်ဘာလ ၂၈ ရက်နေ့က မြန်မာရုပ်မြင်သံကြားမှာ ပြောကြားခဲ့ပါတယ်။

“ဒီနေရာမှာ ကျွန်တော် သံဃာတော်တွေနဲ့ပတ်သက်ပြီး နည်းနည်းပြောချင်ပါတယ်။ တကယ်တော့ သံဃာတော်တွေအတွက် အရင်ထဲက စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါတယ်။ အရင်ထဲက ဒီစင်တာတွေမှာ သံဃာတော်တွေ သီးခြားသီတင်းသုံးကုသနိုင်ဖို့ ထားရှိထားပါတယ်။ ဖောင်ကြီးမှာဆိုရင်လည်း အခုသံဃာတော်နှစ်ပါး သီးခြားသီတင်းသုံးပြီး ဆေးကုသမှုခံယူနေပါတယ်” လို့ ပါမောက္ခဦးဇော်ဝေစိုးက ပြောပါတယ်။

ဖောင်ကြီးမှာ သံဃာတော်တွေအတွက် သီးခြားအခန်းတွေကို အရင်ကတည်းက ပြင်ဆင်ထားကြောင်း ပါမောက္ခဦးဇော်ဝေစိုးက ပြောပါတယ်။ ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ အသက် ၈၀ ကျော် သံဃာတစ်ပါးကိုတော့ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးက အခန်းတစ်ခန်းမှာ ကုသနေကြောင်းနဲ့ အသက်အရွယ်ကြီးပြီဖြစ်တဲ့အတွက် ဖောင်ကြီးမှာ ကုသတဲ့အခါ အခက်အခဲဖြစ်မှာ စိုးရိမ်တဲ့အတွက်ကြောင့် အခုလို ထားရှိရတာဖြစ်တယ်လို့ ပါမောက္ခဦးဇော်ဝေစိုးက ပြောပါတယ်။

တောင်ဒဂုံမြို ့နယ်ရှိ အောင်မြင့်မိုရ်ကုသဆောင်မှာ သံဃာတော် ၇၂ ပါး သီတင်းသုံးကုသနိုင်အောင် စီစဉ်ထားပြီး ရောဂါလက္ခဏာမပြင်းထန်ဘဲ သံဃာတော်များစွာကို ကုသပေးနိုင်ဖို့ လိုလာရင်လည်း သာသနာရေးဦးစီးနဲ့ ရန်ကုန်တိုင်း သံဃာ့နာယကအဖွဲ့တို့ ပူးပေါင်းပြီး ဗိမ္မာန်တော်ကြီးတွေကို အသုံးပြုနိုင်ဖို့ စီစဉ်ထားကြောင်း ပါမောက္ခဦးဇော်ဝေစိုးကပြောပါတယ်။ အဲဒီဗိမ္မာန်ကြီးတွေမှာ သံဃာတော်အပါး တစ်ထောင်ခန့်ကို သံဃာတော်ဝိနည်းနဲ့အညီ သီတင်းသုံးကုသနိုင်ကြောင်းလည်း သိရပါတယ်။

ရန်ကုန်၊ စက်တင်ဘာ ၂၈

Most Popular

Healthy Life Ad
To Top