Healthy Life Ad
International

အလုပ်ရှင်များစွာက ငြင်းပယ်ခံရပြီးနောက် ဒေါင်းရောဂါစုဝေဒနာရှင်မလေးကကိုယ်ပိုင်မုန့်ဖုတ်လုပ်ငန်းကိုအောင်မြင်စွာ တည်ထောင်နိုင်

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မှ မုန့်ဖုတ်တာဝါသနာပါတဲ့ ကော်လက်ဒစ်ဗစ်တိုဟာ အသက် ၁၅ နှစ်အရွယ်ကတည်းက မုန့်လုပ်တာကို စွဲစွဲမြဲမြဲလုပ်ကိုင်ခဲ့ပါတယ်။

အသက်၂၂နှစ်အရွယ်မှာ အလုပ်ရှာဖို့ ဆုံးဖြတ်ခဲ့ပြီးတစ်ဆိုင်ပြီးတစ်ဆိုင်အလုပ်လျှောက်ခဲ့ပါတယ်။အလုပ်တစ်ခုမှမရခဲ့တဲ့နောက် ပိုင်ရှင်တွေက ဒေါင်း ရောဂါစုဝေဒနာနဲ့မိန်းကလေးကို အလုပ်ပေးဖို့မစဉ်းစားကြဘူးဆိုတာ နားလည်လာခဲ့ပါတယ်။ အစပိုင်းမှာ စိတ်ဓာတ်ကျဆင်းခဲ့ပေမယ့် ဇွဲမလျှော့တတ်တဲ့ ကော်လက်ဟာ အခုအခါ ကိုယ်ပိုင်မုန့်ဆိုင်တစ်ဆိုင် ကို အောင်မြင်စွာတည်ထောင်နိုင်ခဲ့ပါပြီ။ ဈေးကွက်ထဲကို သူကိုယ်တိုင်ဖုတ်တဲ့ကွတ်ကီးအချပ် ၁၀ဝ ဖြန့် ချိတဲ့အကြောင်းကို ရုပ်သံတွေက လာရောက်ရိုက်ကူး ပြီးတဲ့နောက်မှာတော့ အမှာစာတွေ တဖွဲဖွဲရောက်လာ ကြကာ အလုပ်သမားအသစ်ငှားဖို့တောင် စီစဉ်နေရပါပြီ။

အခုအခါ အသက် ၂၆ နှစ်အရွယ် ကော်လက်ရဲ့ ကိုယ်ပိုင်ဆိုင်က အမှာစာထောင်ချီ လက်ခံရရှိနေပါတယ်။ ကော်လက်က အမေနဲ့ အစ်မရဲ့ အားပေးကူ ညီမှုအပြင် သူကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်နိုင်ခဲ့ကြောင်း ပြောပြပါတယ်။ ဘဝတူမသန်စွမ်းသူတွေ အနေနဲ့ လက်မလျှော့ကြဖို့၊ အိမ်မက်ကိုရဲရဲကြီး မက် ကာလုပ်စရာရှိတဲ့အလုပ်တွေကို ဆက်လက်လုပ်ဆောင်နေဖို့ သူကအားပေးထားပါတယ်။

(Ref;MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top