Healthy Life Ad
Life Style

သင့်မျက်စိညောင်းညာနေရသည့် အကြောင်းရင်း ငါးရပ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

(၁) ကွန်ပျူတာသုံးခြင်းနှင့် စာဖတ်ခြင်းကြောင့် မျက်စိကြွက်သားများ ပိုမိုအလုပ်လုပ်ရခြင်း
မျက်စိမှာကြွက်သားအုပ်စုသုံးစုံရှိပါတယ်။ အာ ရုံစူးစိုက်ပြီးလုပ်ရတဲ့ စာဖတ်တာ၊ အနီးကပ်ကြည့်ပြီး လုပ်ရတဲ့အလုပ်(ဥပမာ-ကွန်ပျူတာသုံးတာ)တွေ လုပ်ရင် ဒီကြွက်သားအုပ်စုတွေအားလုံး ပြင်းပြင်း ထန်ထန်အလုပ်လုပ်ရပါတယ်။ နီးကပ်တဲ့ အရာဝတ္ထု တွေကို ရှင်းရှင်းလင်းလင်းမြင်ရအောင် ကြွက်သားတွေကို ကျုံ့လိုက်၊ ဆန့်လိုက်လုပ်ရတာကြောင့်မျက်စိ ညောင်းညာရတာ ဖြစ်ပါတယ်။

သက်သာအောင် ဘယ်လို လုပ်ဆောင်နိုင်မလဲ
မျက်စိညောင်းညာတာ ချက်ချင်း သက်သာစေ ဖို့အဝေးကို အာရုံလွှဲကြည့်လိုက်ပါ။ ခပ်ဝေးဝေးက အစိမ်းရောင်ရှူခင်းတွေကို ကြည့်ရင် မျက်စိညောင်း ညာတာ သက်သာစေပါတယ်။

(၂) မျက်စိ ဝေ၀ါးခြင်း
မျက်စိဝေ၀ါးနေတာကြောင့် ကြည့်တဲ့အခါ မျက်စိက ပုံမှန်ထက် ပိုအားထုတ်ဖို့ လိုအပ်လာပါ တယ်။ အဝေးမှုန်တဲ့လူတွေက သူငယ်အိမ်ကို ကျုံ့ နိုင်၊ ချဲ့နိုင်တဲ့ ကြွက်သားတွေကို ပုံမှန်ထက် ပိုအ လုပ်လုပ်ရစေပါတယ်။ လူအများစုဟာ မျက်စိကြွက်သားဟန်ချက်မညီမှုကို ပြုပြင်နေရတတ်ပါတယ်။

သက်သာအောင် ဘယ်လို လုပ်ဆောင်နိုင်မလဲ
အမြင်အာရုံ ပိုကောင်းအောင် မျက်စိအထူးကု ဆရာဝန်နဲ့ ပုံမှန်တိုင်ပင်ပြသသင့်ပါတယ်။

(၃) အလင်းရောင် မှိန်လွန်းခြင်း
မှိန်ဖျော့နေတဲ့ အလင်းရောင်အောက်မှာ စာဖတ် တာနဲ့ အလင်းရောင်များလွန်းတဲ့ မီးရောင်အောက်မှာ စာဖတ်တာတွေက မျက်စိရဲ့ ကြွက်သားတွေကို ကျုံ့တာ၊ ကျယ်တာစတဲ့ အလွန်အမင်း အလုပ်လုပ်ရစေ ပါတယ်။

သက်သာအောင် ဘယ်လို လုပ်ဆောင်နိုင်မလဲ
သင့်အတွက် သက်သောင့်သက်သာရှိတဲ့ အလင်းရောင်အောက်မှာ စာဖတ်သင့်ပါတယ်။

(၄) မျက်စိကို အလွန်အမင်း အလုပ်လုပ်စေခြင်း
အလေးတုံးကို အကြိမ် ၁၀ဝခန့်မနားမနေ သယ်မယပေးရင် လက်မောင်းကြွက်သားတွေ နာကျင် မှုဖြစ်ရသလိုပဲ မျက်စိကြွက်သားတွေကို အလွန်အ မင်းအလုပ်ပေးတဲ့အခါမှာ မျက်စိကိုပင်ပန်းညောင်း ညာစေပါတယ်။ ပင်ပန်းတဲ့အလုပ်ကြမ်းတွေကို နာရီ ပေါင်းများစွာလုပ်ပြီးချိန်မှာ ခန္ဓာကိုယ်ရဲ့ကြွက်သားတွေ ညောင်းညာနုံးချိသွားသလိုပဲ မျက်လုံးဟာ ညောင်းညာနေတတ်ပါတယ်။

သက်သာအောင် ဘယ်လို လုပ်ဆောင်နိုင်မလဲ
အိမ်ပြန်ရောက်တဲ့အခါမှာFacebook သုံးတာ၊ ဂိမ်းဆော့တာနဲ့ Email သုံးတာတွေ မလုပ်ပါနဲ့။ မျက်လုံးကို အနားပေးချိန်ထားရှိပါ။

(၅) နီးကပ်စွာ ကြည့်ရသော အလုပ်များကြောင့် မျက်တောင်ခတ်နှုန်းနှေးကာ မျက်စိခြောက်သွေ့ခြင်း
ကွန်ပျူတာသုံးတာလို မျက်တောင်ခတ်ဖို့မေ့နေ တတ်တဲ့ အလုပ်တွေကြောင့် မျက်စိခြောက်သွေ့မှု ဖြစ် ကာ မျက်စိညောင်းရတတ်ပါတယ်။မျက်စိညောင်း နေတဲ့အခါမှာ မျက်တောင်ခတ်နှုန်းနှေးပြီး မျက်စိက ကောင်းကောင်းစိုစွတ်မနေတော့ပါဘူး။ ကွန်ပျူတာ သုံးသူတွေက မျက်တောင်ခတ်နှုန်း သိသိသာသာ လျော့ကျမှု ရှိကြောင်း မျက်စိဆိုင်ရာ ပါရဂူတွေက လေ့လာတွေ့ရှိထားပါတယ်။

သက်သာအောင် ဘယ်လို လုပ်ဆောင်နိုင်မလဲ
ကွန်ပျူတာသုံးချိန် အနည်းဆုံးတစ်နာရီကြာတိုင်း ကွန်ပျူတာနဲ့ဝေးရာကို ခဏတာသွားနေပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top