Healthy Life Ad
International

ရေအသောက်များခြင်းကြောင့် ဆေးရုံတင်လိုက်ရသည့် အမျိုးသမီး

၊ မိုးမင်းထွန်း ၊

ကောင်းတာတွေကလည်း အတိုင်းအဆ ရှိပါတယ်။ ရေဆိပ်တက်တဲ့ အမျိုးသမီးတစ်ယောက်ကိုကုသပြီးနောက် ရေအလွန်အကျွံ သောက်တဲ့အန္တရာယ်ကို ဆရာဝန်တွေက သတိပေးလိုက်ပါတယ်။

ဗြိတိန်နိုင်ငံမှ အသက် ၅၉နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတွေပြသပြီး ဆေးရုံရောက်လာခဲ့ပါတယ်။ အမျိုးသမီးအပြောအရ သူဟာ မိနစ်၃၀ ကြာတိုင်း ရေပိုင့်ဝက်ခန့် သောက်သုံးနေခဲ့တယ် လို့ဆိုပါတယ်။ဆရာဝန်တွေက ဒီထက်ပိုမယ်လို့ ယူဆကြပါတယ်။ သူခန္ဓာကိုယ်ထဲက ဆိုဒီယမ် ပမာဏဟာ စိုးရိမ်အမှတ်ထိ ကျဆင်းသွားခဲ့ပါတယ်။

အမျိုးသမီးဟာ ဆေးရုံကို ၂၄နာရီကြာ တက်ခဲ့ရပြီး ဒီအချိန်အတွင်း ဆရာဝန်တွေက ရေ ၁လီတာပဲ သောက်ခိုင်းခဲ့ပါတယ်။ ၁၃နာရီကြာပြီးနောက် သူရဲ့ဆိုဒီယမ်ပမာဏဟာ ပုံမှန်အဆင့်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်။ အချိန်ကာလတစ်ခုအတွင်း ရေအလွန် အကျွံသောက်ရင် သွေးထဲမှာ ဆိုဒီယမ်ပမာဏ ပုံမှန်ထက် ကျဆင်းသွားတဲ့ Hyponatremia ေခါ်စိုးရိမ်ရတဲ့ အခြေအနေမျိုး ဖြစ်တတ်ပါတယ်။

လျှပ်လိုက်ရည်ဖြစ်တဲ့ ဆိုဒီယမ်က ဆဲလ်တွေ အတွင်းအပြင် ရေပမာဏကို ထိန်းပေးပါတယ်။ ရေအလွန်အကျွံ သောက်တဲ့အခါ ကျောက်ကပ်က ဆီးအဖြစ်ပြောင်းလဲပေးဖို့ အခက်အခဲဖြစ်ပြီး ပိုလျှံရေတွေက ဆဲလ်တွေထဲကိုရောက်ကာ ဆဲလ်ရောင်ရမ်းမှုဖြစ်စေပါတယ်။ ဆိုဒီယမ်ကျဆင်းတဲ့ လက္ခဏာတွေမှာ မူးဝေ၊ အော့အန်တာနဲ့ ခေါင်းကိုက်တာတို့ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့အခြေ အနေတွေမှာ ဦးနှောက်ရောင်တာဖြစ်ပေါ်စေပြီး ထိတ်လန့်တကြားဖြစ်တာ၊ သွက်ချာပါဒလိုက်တာ၊ သတိလစ်မေ့မျောတာနဲ့ အသက်အန္တရာယ်ကျ ရောက်တာတောင်ဖြစ်ပေါ်စေနိုင်ပါတယ်။

(Ref; MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top