Healthy Life Ad
Life Style

နဒီဝင့်နိုင်၏ ကျန်းမာလှပလူမှုဘဝ

– တစ်နေ့တာအတွက် အသားအရေထိန်းသိမ်းဖြစ်ပုံလေး ပြောပြပေးပါဦး။

ထူးထူးခြားခြားကြီးတော့ မလုပ်ဖြစ်ပါဘူး။ အရင်တုန်းကတော့ Spa တွေလုပ်ဖြစ်တယ်။ အခုနောက်ပိုင်းမအားတော့ လိုးရှင်းလောက်ပဲလိမ်းဖြစ်တယ်။ လက်က အမွေးလေးတွေရှိတော့ ရွှေရောင်သွင်းရတာကို ကြိုက်ပါတယ်။

– အစားအသောက်နဲ့ရော ခန္ဓာကိုယ်အတွက် ဘယ်လိုထိန်းသိမ်းဖြစ်လဲ။

အနုပညာရှင်၊ အဆိုတော်တော်တော်များများက အာသီးရောင်ကြတယ်လေ။ နဒီတို့လည်း အတူတူပဲ ရေခဲရေရှောင်တယ်။ အပူအစပ်တွေလည်း တတ်နိုင်သလောက်ရှောင်တယ်။ အခုရက်ပိုင်း ဗိုက်လည်း နည်းနည်းအောင့်နေတာ။ အရင်က အစာအိမ်ရောဂါလည်း ဖြစ်ဖူးတော့လေ အစားအသောက် နည်းနည်းရှောင်တယ်။ သူများတွေကတော့ ပိန်သွားတယ်လို့ ပြောကြတယ်။ ကိုယ်တိုင်ကတော့ မပိန်ဘူး၊ နည်းနည်းဝလာတယ်လို့ ထင်မိတယ်။

– ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ဖြစ်တာမျိုးရောရှိလား။

ကိုယ်နဲ့တည့်တာ၊ မတည့်တာကတော့ ကိုယ်အသိဆုံးပေါ့နော်။ ချင့်ချိန်ပြီးတော့ စားရတာပေါ့။ အရင်ကတော့ တည့်တည်၊့ မတည့်တည့် စားတယ်။ ဖြစ်မှပဲခံလိုက်မယ်ဆိုတာမျိုး။ အခုတော့ အသက်ကလည်းကြီးလာလို့လားမသိဘူး၊ အရမ်းကြိုက်နေပေမယ့် အာသာပြေလောက်ပဲ စားလိုက်တယ်။

– ဆွေမျိုးအပေါင်းအသင်းတွေကိုရော ကျန်းမာရေးလမ်းညွှန်မှုတွေ ပြောဖြစ်လား။

ရာသီအကူးအပြောင်းလေးတွေဖြစ်လာတော့ ချောင်းဆိုးကြတယ်။ အပူရှပ်ချင်သလိုဖြစ်ကြတယ်။ တစ်အိမ်လုံးမကူးအောင် ဆေးခန်းသွားဖို့ ဆေးကြိုသောက်ဖို့တော့ ပြောဖြစ်တယ်။

– အိမ်မှာချက်တဲ့အစားအစာနဲ့ အပြင်စာဆိုရင် ဘာကိုပိုကြိုက်လဲ။

ချဉ်ငန်စပ်ဆိုရင်တော့ ဘယ်မှာပဲဖြစ်ဖြစ် ကြိုက်တာပေါ့နော်။ အခုနောက်ပိုင်းကတော့ ရှောင်တယ်၊ အစာအိမ်ဖြစ်ထားတော့လေ။ ငရုတ်ဆီပါတာတွေရှောင်တယ်။ များသောအားဖြင့် အိမ်ထမင်း၊ အိမ်ဟင်းစားတာများတယ်။

– စိတ်ဖိစီးမှု့တွေရှိလာရင် ဘယ်လိုဖြေဖျောက်တတ်သလဲ။

လွန်ခဲ့တဲ့သုံး-လေးနှစ်လောက်တုန်းက စိတ်ညစ်လာရင် အိမ်မှာ သီချင်းတွေအကျယ်ကြီး ဖွင့်ပစ်လိုက်တယ်။ စိတ်ရှုပ်တာ သက်သာသွားတယ်။ အခု သုံး-လေးလမှာ အတိုက်အခိုက်တွေ အများကြီးကြုံရတယ်။ သူတို့အပေါ်မှာ ကိုယ်ကဘာအမှားမှမလုပ်ဘဲနဲ့ ကိုယ့်ကိုတိုက်ခိုက်တာဟာ ကိုယ်ကဝဋ်ကြွေးရှိလို့ပဲလို့ တွေးတယ်၊။

– ကိုယ်ရဲ့အိပ်ချိန်တွေကို ဘယ်အရာတွေက ခိုးယူလေ့ရှိလဲ။

ကိုရီးယားကားတွေ အရမ်းကြည့်တယ်။ ဇာတ်လမ်းတွဲတွေက အရမ်းကောင်းတော့ မနက်၆နာရီအထိ ကြည့်မိတာတွေလည်းရှိတယ်။ အခုနောက်ပိုင်းတော့ TV ဘက်ကိုမလှည့်နိုင်ဘူး။ စောစောအိပ်တယ်။ ဖေ့စ်ဘွတ်ခ်ကို ညဘက်ပွဲတွေရှိလို့ ပြန်လာရင်လည်း ကိုယ်တင်ချင်တဲ့ ပုံလေးတွေတင်တယ်၊ ကောမန့်ပေးထားတာလေးတွေကို ပြန်ဖြေဖြစ်တယ်၊။ အခုဆို အိပ်ချိန်တွေလုနေရတာ။ မနက်ဆိုရင် ၆နာရီဆိုထရပြီ။ ရှူတင်မှာ ကိုယ့်ကိုစောင့်နေရတယ်ဆိုတာမျိုးမဖြစ်အောင် ၈ နာရီရောက်လည်း အိပ်ပြီး စောင့်နေလိုက်တယ်။

– ကျန်းမာရေးစစ်ဆေးမှု့တွေရော လုပ်ဖြစ်လား။

အရင်ကတော့လုပ်ဖြစ်တယ်။ အခုမလုပ်ဖြစ်တာ တစ်နှစ်ကျော်-၂နှစ်လောက်ရှိပြီ။ ကိုယ်က လေးဖက်နာပိုးရှိတော့ ဆေးစစ်လိုက်ရင် လေးဖက်နာပိုး ပိုတိုးလာတာမျိုးဆိုတော့ မစစ်ချင်တော့ဘူး။

– ပရိသတ်အတွက် ကျန်းမာရေးစကားလက်ဆောင် ပြောပေးပါဦး။

အခုမှ သိလာတာတစ်ခုရှိတယ်။ အရင်ကဆို ပိုက်ဆံ-ပိုက်ဆံပဲဖြစ်နေတာ။ လူဆိုတာ သေမျိုးကြီးပဲပေါ့နော်။ ပိုက်ဆံရှာနိုင်ဖို့ဆိုတာ အရင်ဆုံး ကျန်းမာမှဖြစ်မှာပါ။ နံပါတ်(၁) ကျန်းမာရမယ်၊ နံပါတ် (၂) ကျန်းမာမှ ပိုက်ဆံရှာနိုင်မယ်။ အဲဒါမှ ပိုပိုပြီးလုပ်နိုင်မှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top