Healthy Life Ad
Q & A

သွေးကျဆေးနှင့် ကျောက်ကပ် . . .

မေး. ကျွန်တော်က သွေးတိုးရောဂါရှိသူတစ်ဦးဖြစ်သလို သွေးကျဆေးကိုလည်း သောက်နေရပါတယ်။ သွေးကျဆေးတချို့က ကျောက်ကပ်ထိခိုက်စေတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ဘယ်လိုသွေးကျဆေးက ကျောက်ကပ်ထိခိုက်နိုင်ပါသလဲ၊ ဆေးနာမည်လေးသိချင်ပါတယ်ခင်ဗျာ။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. သွေးတိုးရောဂါကို ထိရောက်စွာမကုသရင် ကျောက်ကပ်ထိခိုက်လာစေပါတယ်။ သင့်တော်တဲ့ သွေးတိုးထိန်းဆေးတွေကို ဆရာဝန်ညွှန်းတဲ့အတိုင်းသောက်ရင် သွေးတိုးကြောင့်ဖြစ်တဲ့ ကျောက်ကပ်ပျက်စီးတာကို ကာကွယ်နိုင်ပါတယ်။ ဒါ့ကြောင့် ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးမှန်မှန်သောက်၊ သွေးဖိအားမှန်မှန် စစ်ဆေးစေလိုပါတယ်။ သွေးကျဆေးကြောင့် ကျောက်ကပ်မထိခိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top