Healthy Life Ad
Q & A

နနွင်းအကြောင်း သိချင်တယ် …

မေး. နနွင်းအကြောင်း သိချင်လို့ပါရှင်။ နနွင်းဆေးပြားကိုသောက်တာက အစာအိမ်ရောင်ရောဂါနဲ့ တည့်ပါသလားရှင်။ နနွင်းသောက်ခြင်းကြောင့် ပျောက်ကင်းတဲ့ရောဂါတွေနဲ့ နနွင်းနဲ့ မတည့်တဲ့ရောဂါတွေကိုလည်း သိပါရစေရှင်။
အိမြတ်မွန်(FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. သိပ္ပံနည်းကျသုတေသနတွေအရ နနွင်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေကို သက်သာစေပြီး အယ်ဇိုင်းမားရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ရေရှည်သောက်သုံးရင် ဘယ်လိုဖြစ်နိုင်လဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးသလို အရာရာမှာ တန်ဆေးလွန်ဘေး ဖြစ်တတ်တာကြောင့် နှိုင်းနှိုင်းချိန်ချိန်သောက်သုံးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top